တန်ဖိုးကြီး Device တွေကို Customize လုပ်ပြီး ထုတ်လုပ်ရောင်းချနေတဲ့ Caviar က ပြီးခဲ့တဲ့လက တရုတ်မှာ ကြေညာခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုး Huawei Mate XT Ultimate ကို တန်ဖိုးကြီး ဖုန်း အဖြစ် ဖန်တီးလိုက်ပါတယ်။

Caviar က အဲဒီဖုန်းအတွက် Black Dragon နဲ့ Gold Dragon မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။

Caviar Huawei Mate XT Ultimate

Black Dragon မှာ တရုတ် ဒဏ္ဍာရီမှ Xuanlong Dragon ကို အခြေပြု တည်ဆောက်ထားပြီး Xuanlong Dragon ရဲ့ အကြေးခွံနဲ့ တူအောင် အနက်ရောင် မိကျောင်းသားရေနဲ့ ပတ်ထားပါတယ်။ ရွှေတွေနဲ့လည်း အလှဆင်ထားပါတယ်။

Caviar Huawei Mate XT Ultimate

Gold Dragon မှာ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပြီး ဓါး ပုံသဏ္ဍာန် Texture ထည့်သွင်းထားပါတယ်။

Caviar က အဲဒီ မော်ဒယ် ၂ လုံးအတွက် ၈၈ လုံးစီပဲ ထုတ်လုပ်မှာ ဖြစ်ပြီး ၈၈ ဟာ တရုတ် ယဉ်ကျေးမှုမှာ ကံကောင်းတဲ့ နံပါတ် ဖြစ်ပါတယ်။

မော်ဒယ် ၂ ခုစလုံးအတွက် 256GB , 512GB နဲ့ 1TB Storage ထုတ်လုပ်ထားပါတယ်။ Black Dragon ဟာ ဒေါ်လာ ၁၂,၇၇၀ ၊ ၁၃,၂၀၀ နဲ့ ၁၄,၆၃၀ အသီးသီး တန်ကြေးရှိပါတယ်။ Gold Dragon ဟာ ဒေါ်လာ ၁၄,၅၀၀ ၊ ၁၄,၉၃၀ နဲ့ ၁၅,၃၆၀ အသီးသီး ကျသင့်မှာပါ။

Ref : gsmarena