Samsung က Galaxy A16 5G ကို ကြေညာလိုက်ပြီး 6.7” Display တပ်ဆင်ထားပါတယ်။ ၆ နှစ် Android Version Update နဲ့ ၆ နှစ် Security Patches ရရှိမှာပါ။ ဒီလို Software Support မျိုးကို တန်ဖိုးနည်း ဖုန်းတွေမှာ မရကြပါဘူး။ အဲဒီအတွက် A16 5G ဟာ ၂၀၃၀ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နောက်ဆုံးထုတ် Android ကို ရမှာပါ။

Samsung Galaxy A16 5G announced with record-breaking software support -  GSMArena.com news

ဥရောပအတွက် အဲဒီဖုန်းမှာ Exynos 1330 Chip မောင်းနှစ်ထားပြီး အိန္ဒိယနဲ့ ထိုင်းမှာ Dimensity 6300 ထည့်သွင်းထားမှာပါ။

Samsung Galaxy A16 5G announced with record-breaking software support

4GB RAM , 128GB Storage ထည့်သွင်းထားပြီး 1.5TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပြီး Super AMOLED FHD+ Display နဲ့ 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 13MP နဲ့ အနောက်ဘက်မှာ 50MP Main, 5MP Ultrawide , 2MP Macro ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung Galaxy A16 5G announced with record-breaking software support

25W Charging ထောက်ပံ့တဲ့ 5,000mAh Battery နဲ့ IP54 ရေစိုခံစံနှုန်း ပါလာပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Midnight Blue , Turquoise နဲ့ Gray အရောင်ထုတ်လုပ်ထားပြီး ပြင်သစ်မှာ ၂၄၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena