Dubai လေဆိပ်များဌာနနဲ့ နိုင်ငံရဲ့ ထိပ်တန်း လေကြောင်းလိုင်း Emirates တို့ဟာ Etihad Clean Energy Development Company နဲ့ ပူးပေါင်းပြီး လေဆိပ်တွေမှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။
ဒူဘိုင်း လေဆိပ်များဌာနဟာ လေဆိပ် တစ်ခုမှာ ကမ္ဘာ့ အကြီးဆုံး ခေါင်မိုး Solar Panel တပ်ဆင်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီစီမံကိန်းဟာ ၂၀၂၆ ခုနှစ်မှာ စတင် လည်ပတ်မှာ ဖြစ်ပြီး သန့်ရှင်းတဲ့ စွမ်းအင် 39 megawatts peak (MWp) ကို ထုတ်လုပ်ပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
စီမံကိန်းမှာ Solar Panel ပေါင်း ၆၂,၉၀၄ ခုကို ဒူဘိုင်း နိုင်ငံတကာလေဆိပ်နဲ့ Al Maktoum နိုင်ငံတကာလေဆိပ်မှာ တပ်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီ Solar Panel တွေကနေ နှစ်စဉ် လျှပ်စစ်စွမ်းအင် 60,346 megawatt-hours (MWh) ကို ထုတ်လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။
Solar Panel တွေကို လေဆိပ် ၂ ခုစလုံးရဲ့ Passenger Terminal တွေမှာ တပ်ဆင်မှာ ဖြစ်ပြီး နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု ၂၃,၀၀၀ တန် လျှော့ချနိုင်ဖို့ ရည်မှန်းထားပါတယ်။
ဒူဘိုင်းဟာ ငွေကြေးချမ်းသာတဲ့ နိုင်ငံဖြစ်သလို ကမ္ဘာ့ စံချိန်များစွာကို ချိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလည်း လေဆိပ်မှာ ကမ္ဘာ့အကြီးဆုံး ခေါင်မိုး Solar Panel ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။
Ref : myelectricsparks