ရှန်ဟိုင်းဟာ စက်ရုပ် ကော်ဖီဖျော်စက်တွေနဲ့ ကော်ဖီ နယ်ပယ်ကို ထူးခြားဆန်းသစ်အောင် ပြုလုပ်နေပါတယ်။ အဲဒီ စက်ရုပ် ကော်ဖီဖျော်စက်ကို Hi-Dolphin Robot Technology က တီထွင်ထားတာ ဖြစ်ပြီး Cofe+ လို့ အမည်ပေးထားပါတယ်။

Cofe+ ဟာ ၁ ရက်မှာ ၂၄ နာရီ အလုပ်လုပ်နိုင်ပြီး ၁ ရက်ကို ကော်ဖီ အခွက် ၈၀၀ ဖျော်ပေးနိုင်ပါတယ်။ ကော်ဖီ ၁ ခွက် ဖျော်ချိန်ဟာ ၅၀ စက္ကန့်ပဲ ကြာမြင့်ပါတယ်။ ကော်ဖီ ဖျော်စက်ဟာ အရွယ်အစား ကျစ်လစ်သေးငယ်ပြီး ၂.၅ စတုရန်းမီတာပဲ နေရာယူပါတယ်။ ၈၀၀ ကီလိုဂရမ် အလေးချိန် ရှိပြီး ဆေးရုံတွေကနေ Tourist Attraction တွေအထိ နေရာမျိုးစုံမှာ ထားနိုင်ပါတယ်။

ကော်ဖီစေ့ အမျိုးအစား ၂ မျိုး၊ ခွက် အရွယ်အစား ၂ မျိုး၊ အပူချိန် ၃ မျိုး(အပူ ၊ အအေး၊ ရေခဲ) ရွေးချယ်နိုင်ပါတယ်။ အချိုပမာဏ၊ အအေး Level ၊ အရသာ ၅၀ မျိုးကျော်ကို Customer စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။

A Cofe+ robot cafe on Nanjing Road in Shanghai. Photo: Handout

Cofe+ ရဲ့ အားသာချက်က ကုန်ကျစားရိတ်သက်သာတာ ဖြစ်ပါတယ်။ Hi-Dolphin က သမားရိုးကျ ကော်ဖီဆိုင်ဖွင့်တာထက် ကုန်ကျစားရိတ် ၉၀ ရာခိုင်နှုန်း သက်သာတယ်လို့ ပြောပါတယ်။

Cofe+ ကို ပြတိုက်၊ စာအုပ်ဆိုင်၊ ဘုရားကျောင်းနဲ့ သုတေသန ဌာန အပါအဝင်  တည်နေရာ ၅၀၀ ကျော်မှာ တပ်ဆင်ထားပါတယ်။ ကုမ္ပဏီဟာ နိုင်ငံခြား နိုင်ငံ ၃၀ ကျော်မှာ စက်ရုပ်ကော်ဖီဖျော်စက် ၁,၀၀၀ နီးပါး တပ်ဆင်ပေးထားပြီး ဒီနှစ်ကုန်မှာ နိုင်ငံ ၂၀ မှာ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

Ref: myelectricsparks