Meta AI ကို နိုင်ငံ ၆ ခုမှာ တိုးချဲ့ ဝန်ဆောင်မှုပေးလိုက်ပါတယ်။ UK နဲ့အတူ Brazil, Bolivia, Guatemala, Paraguay နဲ့ Philippines မှာ အသုံးပြုနိုင်ပါပြီ။

မကြာခင်မှာ Algeria, Egypt, Indonesia, Iraq, Jordan, Libya, Malaysia, Morocco, Saudi Arabia, Sudan, Thailand, Tunisia, United Arab Emirates, Vietnam နဲ့ Yemen တို့အတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး  Arabic, Indonesian, Thai နဲ့ Vietnamese ဘာသာစကားတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Meta AI: Transforming Lives Through Conversational AI | by ColdSceptical | Medium

အဲဒီ နိုင်ငံတွေအတွက် တိုးချဲ့ပေးပြီးရင် Meta AI ကို နိုင်ငံ ၄၃ ခုမှာ ဘာသာစကားများစွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Meta AI ကို Web , meta.ai အပြင် WhatsApp, Facebook, Messenger နဲ့ Instagram မှာ Meta AI Icon ကို နှိပ်ကာ သို့မဟုတ် “@Meta AI” လို့ ရိုက်ကာ အသုံးပြုနိုင်ပါတယ်။

AI Voice များစွာကို ထောက်ပံ့ထားပြီး AI က ဓါတ်ပုံတွေကို အသေးစိတ် လေ့လာတာ၊ ဓါတ်ပုံ ပြင်တာ၊ အလန်းစား Caption တွေ ဖန်တီးပေးတာ၊ ဓါတ်ပုံတွေ ထုတ်ပေးတာကို ပြုလုပ်နိုင်ပါတယ်။ AI ကို မေးခွန်းတွေလည်း မေးနိုင်ပါတယ်။

Meta AI is now available in the UK and five more countries, on track to be most used AI assistant

Meta က ဒီနှစ်ကုန်မှာ ကမ္ဘာမှာ လူသုံးအများဆုံး AI ဖြစ်လာမယ်လို့ ပြောပြီး လစဉ် သုံးစွဲသူ သန်း ၅၀၀ နီးပါး ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ Meta AI ကို UK နဲ့ Australia မှ Ray-Ban Meta Glasses အတွက် ထောက်ပံ့ပေးထားပြီး Voice Support ပါပါတယ်။

Ref : gsmarena