Venus Aerospace ရဲ့ အသံထက်မြန်တဲ့ ဂျက်လေယာဉ်ဟာ လေကြောင်း ခရီးသွားနယ်ပယ်ကို တော်လှန်ပြောင်းလဲပစ်တော့မှာ ဖြစ်ပြီး အသံထက် ၆ ဆ ( ၁ နာရီကို မိုင် ၃,၆၀၀) အမြန်နှုန်းနဲ့ နယူးယောက် ကနေ လန်ဒန်ကို ၁ နာရီထဲနဲ့ ပို့ဆောင်ပေးနိုင်ပါတယ်။

Gizmodo: Hypersonic Plane From Venus Aerospace Will Travel to the Edge of Space

ပထမအကြိမ် စမ်းသပ်ပျံသန်းမှုကို ၂၀၂၅ ခုနှစ်မှာ ပြုလုပ်မှာ ဖြစ်ပြီး လေယာဉ်မှာ အဆင့်မြင့်  Venus Detonation Ramjet 2000 lb Thrust Engine (VDR2) ကို အသုံးပြုမှာပါ။ အဲဒီ စမ်းသပ်မှုအတွက် Velontra နဲ့ ပူးပေါင်းထားပြီး Venus Aerospace ဟာ မြန်နှုန်းမြင့် ခရီးသွားနယ်ပယ်မှာ သမိုင်းမှတ်တိုင်ကို စိုက်ထူမှာ ဖြစ်ပါတယ်။

Stargazer: Hypersonic passenger plane

သမားရိုးကျ လေယာဉ်တွေလို မဟုတ်ဘဲ Venus Aerospace ရဲ့  လေယာဉ်ဟာ အစပိုင်းမှာ ဂျက်အင်ဂျင်နဲ့ ပျံသန်းပြီး အဲဒီနောက်ကျမှ ဒုံးပျံ တွန်းကန်အားကို အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် ခရီးသည်တွေဟာ ကမ္ဘာကြီးကို အထက်စီးကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အသံထက်မြန်တဲ့ လေယာဉ်တွေကို အပြိုင်အဆိုင် တီထွင်နေကြပြီး ပြိုင်ဖက် Sierra Space နဲ့ Hermeus တို့ဟာ အလားတူ နည်းပညာကို တီထွင်နေပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ အမြန်နှုန်းကို သူ့ထက်ငါ သာအောင် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

Ref : Tech Explorers