Tesla CEO Elon Musk က အလိုအလျှောက် မောင်းနှင်နိုင်တဲ့ နည်းပညာ ပါတဲ့ Tesla Cybercab Robotaxi ကို ကြေညာလိုက်ပါတယ်။

Meet the Tesla Cybercab, Elon Musk's autonomous robo-taxi - TechCentral

အဲဒီကား လူက လုံးဝ မောင်းနှင်စရာ မလိုဘဲ အလိုအလျှောက် မောင်းနှင်နိုင်ပြီး စတီယာရင်နဲ့ ခြေနင်းတွေ မပါပါဘူး။ အဲဒီအတွက် ကားကို မထုတ်လုပ်ခင် အာဏာပိုင်တွေထံက ခွင့်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက ခေတ်ရှေ့ပြေးပြီး တံခါးတွေကို အပေါ်လှန်ကာ ဖွင့်ရမှာ ဖြစ်ပါတယ်။ လူ ၂ ယောက်ပဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။ အားသွင်းပေါက် မပါလာဘဲ Musk က ကြိုးမဲ့ အားသွင်းနိုင်မယ်လို့ ပြောပါတယ်။

Tesla unveils Cyber Cab Robotaxi without a steering wheel or pedals

Musk က အလိုအလျှောက်မောင်းနှင်တဲ့ ကားတွေဟာ လူသားတွေထက် ဘေးကင်းလုံခြုံမှုဟာ ၁၀ ဆ ကနေ ၂၀ ဆ အထိ ပိုများတယ်လို့ ပြောပါတယ်။ သူက ဒီနည်းပညာက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ ပြောပါတယ်။  ၁ မိုင်မှာ ၀.၂၀ ဒေါ်လာ ကုန်ကျစားရိတ်သက်သာမှာ ဖြစ်ပြီး ဘတ်စ်ကားတွေဟာ ၁ မိုင်မှာ ၁ ဒေါ်လာ ကုန်ကျပါတယ်။

Tesla ဟာ နောက်နှစ်မှာ တက္ကဆပ်နဲ့ ကယ်လီဖိုးနီးယားမှာ အပြည့်အဝ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာကို စမ်းသပ်မှာ ဖြစ်ပြီး Cybercab ကို ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Musk က နောက်ကျပြီး ၂၀၂၇ ခုနှစ်ကျမှ ထုတ်လုပ်နိုင်တယ်လို့လည်း ပြောပါတယ်။

Ref : theverge