လေယာဉ် ထုတ်လုပ်တဲ့ နယ်ပယ်မှာ ထိပ်တန်းက ဦးဆောင်နေတဲ့ Embraer က ကမ္ဘာ့ ပထမဆုံး AI ခရီးသည်တင် လေယာဉ်ကို ပြသလိုက်ပါတယ်။ အလိုအလျှောက် မောင်းနှင်နိုင်ပြီး လေကြောင်း လောကကို တော်လှန်ဆန်းသစ်မှာ ဖြစ်ပါတယ်။

ဖလော်ရီဒါ၊ အော်လန်ဒိုမှ National Business Aviation Association Event  မှာ ပြသလိုက်တာ ဖြစ်ပြီး ခေတ်ရှေ့ပြေး လေယာဉ်မှာ ပိုင်းလော့ မလိုဘဲ AI က မောင်းနှင်မှာ ဖြစ်ပါတယ်။ လေကြောင်း လောကမှာ AI နည်းပညာဟာ အရေးပါလာတော့မှာ ဖြစ်ပါတယ်။

Embraer Unveils Vision for World's First AI-Powered Passenger Plane

လေယာဉ်ရဲ့ ဒီဇိုင်းဟာ ထူးခြားဆန်းသစ်ပြီး ဇုန် ၃ ခု ထည့်သွင်းထားပါတယ်။ ခရီးသည်တွေဟာ ပိုင်းလော့ မလိုတဲ့အတွက် Cockpit ထဲမှာတောင် ထိုင်နိုင်ပါတယ်။ Embraer က Green Technology Propulsion Systems ကို အသုံးပြုထားပြီး Sustainable Aviation Fuel (SAF), Electrification သို့မဟုတ် Hydrogen Power ကို သုံးစွဲမယ်လို့ ပြောပါတယ်။

Embraer Unveils AI-Driven Pilotless Passenger Aircraft Plan - Media Wire Express

ထိတွေ့မျက်နှာပြင်ပါတဲ့ အဆင့်မြင့် ပြတင်းပေါက်တွေ တပ်ဆင်ထားပြီး User Friendly Interface ပါလာမှာပါ။ Embraer က AI လေယာဉ်ကို မကြာခင်မှာ ထုတ်လုပ်မှာ မဟုတ်သေးပေမယ့် လေယာဉ် နယ်ပယ်မှာ အတုယူစရာ ဖြစ်လာပါတယ်။

လေယာဉ် လောကမှ ကျွမ်းကျင်သူတွေက ဒီနည်းပညာဟာ လေကြောင်း လောကရဲ့ သမိုင်းမျက်နှာစာ အသစ် ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။

Ref : Tech Explorers