နည်းပညာဟာ လူသားတွေကို အကျိုးများစွာ ပြုလာပေမယ့် ဒွန်တွဲပါလာတဲ့ ဆိုးကျိုးတွေလည်း ရှိလာပါတယ်။ Hacker တွေက လူတွေရဲ့ စမတ်ဖုန်း၊ ကွန်ပြူတာတွေကို Hack ပြီး ငွေကြေး၊ ဒေတာတွေကို ခိုးယူလာနိုင်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ Cloud အခြေပြု အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း Hacker တွေက Hack နိုင်ကြပါတယ်။

Robot Vacuums Suck Up Sensitive Audio in 'LidarPhone' Hack | Threatpost

အမေရိကန်မှာ ဒီနှစ် အစောပိုင်းမှာ ရယ်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Hacker တွေဟာ နေအိမ်သုံး ဖုန်စုပ်စက်တွေကို Hack ပြီး အိမ်မှာ ရှိတဲ့ ခွေးတွေ၊ ကြောင်တွေ အနောက်ကို လိုက်ခိုင်းတာ၊ အိမ်မှာ လူမျိုးရေး ခွဲခြားတဲ့ စကားတွေကို အော်ဟစ်ပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

မင်နီဆိုးတားမှ ရှေ့နေ တစ်ယောက် ဖြစ်တဲ့ Daniel Swenson က သူ့ရဲ့ ဖုန်စုပ်စက်ရုပ်ဟာ ဧည့်ခန်းထဲ ရောက်လာပြီး သူ့ ဇနီးနဲ့ ၁၃ နှစ်အရွယ် သား အရှေ့မှာ အော်ဟစ်ခဲ့တယ်လို့ ပြောပါတယ်။ သူက အော်သံဟာ ဆယ်ကျော်သက် အရွယ်နဲ့ တူတယ်လို့ ပြောပါတယ်။ ဖုန်စုပ်စက်မှာ ပါတဲ့ ကင်မရာကနေ Hacker က အိမ်ထဲမှ လူတွေကို မြင်ရတဲ့ပုံပေါ်ပါတယ်။

How much energy does a robot vacuum cleaner consume? | Endesa

နောက်ထပ် လူတစ်ယောက်က မေလ ၂၄ ရက်နေ့မှာ ဖုန်စုပ်စက်ဟာ သူ့ရဲ့ ခွေး အနောက်ကို လိုက်နေခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ ဖုန်စုပ်စက်တွေကို ထုတ်လုပ်ထားတဲ့ Ecovacs က လုံခြုံရေးကျိုးပေါက်တယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့် ကုမ္ပဏီရဲ့ စနစ် တိုက်ရိုက်ကျိုးပေါက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ Hacker တွေဟာ တခြား Website နဲ့ App တွေကနေ User တွေရဲ့ Password တွေကို ရခဲ့တာလို့ ပြောပါတယ်။

ဘာပဲ ပြောပြော နည်းပညာ ပစ္စည်းတွေကို အသုံးပြုရင် သတိကြီးကြီးထားသင့်ကြောင်း သတိပေးလိုက်ပါတယ်။

Ref: pcmag