Xiaomi 15 Series ဟာ ဈေးကွက်ထဲမှာ Qualcomm Snapdragon 8 Elite ပါတဲ့ ပထမဆုံးဖုန်းတွေ ဖြစ်လာမှာပါ။ Qualcomm က ဟာဝိုင်အီမှာ ကျင်းပတဲ့ Snapdragon Summit 2024 ပွဲမှာ အဲဒီ စွမ်းရည်မြင့် Chipset ကို ကြေညာပြီးနောက်မှာ အခု ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

The Xiaomi 15 series will be the first Snapdragon 8 Elite phones on the market

Xiaomi ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Adam Zeng က အဲဒီပွဲမှာ စတိတ်စင်ပေါ်မှာ အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

Xiaomi ဟာ 15 Series ကို ဒီရက်ပိုင်းအတွင်း ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အစပိုင်းမှာ Xiaomi 15 နဲ့ 15 Pro ကို ကြေညာမှာ ဖြစ်ပြီး Xiaomi 15 Ultra ကို ၂၀၂၅ ခုနှစ် အစောပိုင်းကျမှ မိတ်ဆက်နိုင်ပါတယ်။

တရုတ်မှာ အကြီးမားဆုံး ဈေးရောင်းပွဲ တော် ဖြစ်တဲ့ Singles’ Day ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် တရုတ်မှ ဖုန်း ကုမ္ပဏီတွေဟာ အောက်တိုဘာလမှာ ဖုန်း အသစ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။

Vivo ဟာ X200 Pro mini အသစ်ကို ကြေညာနိုင်ပြီး Xiaomi ဟာ 15 Ultra မှာ 200MP Periscope Telephoto ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena