ဒီလ အစောပိုင်းက သတင်းပေါက်ကြားခဲ့ပြီး FCC မှာ စာရင်းတင်ထားတဲ့ Poco C75 ကို တရားဝင် ကြေညာလိုက်ပါတယ်။

Poco C75 is now official but not original - GSMArena.com news

အဲဒီဖုန်းမှာ 6.88” 720×1640 LCD Display တပ်ဆင်ထားပြီး 120Hz Refresh Rate , 240Hz Touch Sampling Rate , 600 Nit Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Helio G81 Ultra SoC မောင်းနှင်ထားပြီး 6GB RAM /128GB Storage , 8GB RAM/256GB Storage ထုတ်လုပ်ထားပါတယ်။

Poco C75 is now official but not original

အနောက်ဘက်မှာ 50MP နဲ့ Decorative Auxiliary ကင်မရာ တပ်ဆင်ထားပြီး 13MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ နားကြပ်ပေါက် ပါလာပြီး 18W Fast Charging ထောက်ပံ့တဲ့ 5,160mAh Battery တပ်ဆင်ထားပါတယ်။

Poco C75 ရဲ့ အရွယ်အစား အပြည့်အစုံဟာ 171.88 x 77.8 x 8.22 mm ဖြစ်ပြီး အလေးချိန်က ၂၀၄ ဂရမ် ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ Specs အားလုံးဟာ ဩဂုတ်လက ရောင်းချခဲ့တဲ့ Redmi 14C နဲ့ တူညီပါတယ်။ Poco C75 ရဲ့ 6/128GB ကို ၁၀၉ ဒေါ်လာနဲ့ 8/256GB ကို ၁၂၉ ဒေါ်လာ သတ်မှတ်ထားပြီး Black ,, Gold နဲ့ Green အရောင်ထုတ်လုပ်ထားပါတယ်။

Ref : gsmarena