ဒီနေ့ခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အခု စက်ရုပ် အသစ်က ဂီတလောကကို အသွင်ပြောင်းပေးနိုင်လာပါတယ်။ စက်ရုပ်ဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ တယော ထိုးပြခဲ့ပါတယ်။

Watch as a robot performs the cello with a symphony orchestra in a world first - Classic FM

3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ စက်ရုပ် လက်တံတွေဟာ ဆွီဒင်မှာ တေးဂီတဝိုင်းနဲ့အတူ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။

သုတေသနပညာရှင်နဲ့ သီချင်းရေးသူ Fredrik Gran က တီထွင်ထားတဲ့ စက်ရုပ်ဟာ တယောထိုးဖို့ AI Tools  တွေကို မမှီခိုထားဘဲ သီချင်းရေးဆရာ Jacob Muhlrad ရဲ့ စက်ရုပ်အတွက် အထူးရေးသားထားတဲ့ Musical Score နဲ့ ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်ပါတယ်။

Swedish composer Jacob Muhlrad says the experiment is not about replacing human musicians with robots

Muhlrad က “ စက်ရုပ်နဲ့ လူသား တေးဂီတဝိုင်း ပေါင်းစပ်ဖျော်ဖြေတဲ့ တေးဂီတပွဲ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ အလိုအလျှောက် တီးနိုင်တဲ့ စန္ဒယားတွေ ထွက်ပေါ်နေပြီ ဖြစ်ပေမယ့် တယော ထိုးနိုင်တဲ့ စက်ရုပ်က ဒါ ပထမဆုံး ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

အနာဂတ်မှာ ထူးခြားဆန်းသစ်ပြီး ဖျော်ဖြေမှု ပေးနိုင်တဲ့ စက်ရုပ် အနုပညာရှင်များစွာ ထွက်ပေါ်လာနိုင်ပါတယ်။ အဲဒီအတွက် စက်ရုပ် နည်းပညာဟာ အနုပညာလောကမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။

Ref: interestingengineering