Nubia က စွမ်းရည်မြင့် အမိုက်စား Gaming ဖုန်းတွေ ဖြစ်တဲ့ Red Magic 10 Pro နဲ့ Red Magic 10 Pro+ ကို ကြေညာလိုက်ပါတယ်။ Snapdragon 8 Elite “Extreme Edition” လို့ ခေါ်တဲ့ အထူးထုတ် မော်ဒယ်လည်း ပါလာပါတယ်။

RedMagic 10 Pro Plus

Red Magic 10 Pro နဲ့ Red Magic 10 Pro+ ၂ လုံးဟာ Specs အများစု တူညီကြပါတယ်။ အဓိက ကွာခြားချက်က Battery နဲ့ အားသွင်းနှုန်း ဖြစ်ပါတယ်။ 10 Pro မှာ 6,500mAh Battery နဲ့ 80W Charging ၊ 10 Pro+ မှာ 7,050mAh Silicon-nitride Battery နဲ့ 120W Charging ပါပါတယ်။

Red Magic  10 Pro မှာ 256GB or 512GB နဲ့ 12GB LPDDR5X RAM ၊ Pro+ မှာ 512GB or 1TB နဲ့ 16GB or 24GB RAM ပါပါတယ်။ Storage က UFS 4.1 Pro ဖြစ်ပြီး UFS 4.0 ထက်ပိုမြန်ပါတယ်။

RedMagic-10-Pro-Plus

ဂိမ်းအသားပေးဖုန်း ဖြစ်တဲ့အတွက် Red Magic 10 Pro Series မှာ စွမ်းရည်မြင့် အပူချိန်လျှော့ချပေးတဲ့ စနစ် ပါပါတယ်။ 12,000mm2 3D ice-step Vapor Chamber ထည့်သွင်းထားပြီး Red Magic က အရင်ဖုန်းထက် ၁၈ ရာခိုင်နှုန်း ပိုကြီးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် 5,2000mm2 Copper Foil နဲ့ Graphene Layer ပါပါတယ်။

Red Magic 10 Pro Series ဟာ Liquid Metal Cooling ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာပါတယ်။ 23,000rpm Centrifugal Fan ကနေ Active Cooling ကို ပံ့ပိုးပေးထားပါတယ်။

nubia Red Magix 10 Pro and 10 Pro+ unveiled with SD 8 Elite, huge batteries

Red Magic 10 Pro Series မှာ ကုမ္ပဏီထုတ် Red Core R3 Gaming Chip ထည့်သွင်းထားပြီး 120fps 2K Resolution ကို ထောက်ပံ့ပေးထားပါတယ်။ Gaming Control အတွက် 520Hz Shoulder Keys တပ်ဆင်ထားပြီး Dual X-axis Linear Vibration Motors ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 6.85” 1216x2688p BOE Q9+ AMOLED Display တပ်ဆင်ထားပြီး 144Hz Max Refresh Rate နဲ့ 960Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ 2,000 Nits Brightness နဲ့ DC Dimming , 2592Hz PWM Dimming ပါပါတယ်။

Display အောက်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံး နဲ့ 2MP Macro ကင်မရာ ပါပါတယ်။

nubia Red Magix 10 Pro and 10 Pro+ unveiled with SD 8 Elite, huge batteries

ဈေးနှုန်း

Red Magic 10 Pro နဲ့ Pro+ အတွက် အရောင်မျိုးစုံနဲ့ ဈေးနှုန်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

တရုတ်မှာ အော်ဒါတင်နိုင်ပြီ ဖြစ်ပြီး ဒီလ ၁၈ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ ဒီဇင်ဘာလမှာ ရောင်းချနိုင်ပါတယ်။

Ref: gsmarena