Samsung Galaxy S25 Series ကို ဇန်နဝါရီလမှာ ကြေညာမှာ ဖြစ်ပြီး အဲဒီလ အစောပိုင်း သို့မဟုတ် နှောင်းပိုင်းမှာ မိတ်ဆက်မလားဆိုတာ မသိရသေးပါဘူး။ အခုတော့ Benchmark တစ်ခုအရ အခြေခံမော်ဒယ်မှာ 12GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ S24 ရဲ့ 8GB RAM ထက် ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် S24 အတွက်လည်း 12GB RAM Version ထုတ်လုပ်ပေးထားပါတယ်။

Galaxy S25 (SM-931N) Geekbench test run

S25 အတွက် 8GB RAM မထုတ်လုပ်ထားနိုင်ပေမယ့် တကယ် မိတ်ဆက်ပွဲ မတိုင်ခင်မှာ ရာနှုန်းပြည့် သေချာတယ်လို့ မပြောနိုင်သေးပါဘူး။

Galaxy S25 Series အားလုံးမှာ Qualcomm Snapdragon 8 Elite Chipset မောင်းနှင်ထားမလား တခြား Chipset ထည့်သွင်းထားမလားဆိုတာ မသိရသေးပါဘူး။ တခြားသတင်းအရ Exynos Chipset ပါလာမယ်လို့ သိရပါတယ်။

Benchmark Prototype မှာ Qualcomm Chip ထည့်သွင်းထားပေမယ့် အဲဒီ မော်ဒယ်ကို ကိုရီးယားမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Android 15 OS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Samsung Galaxy S25 will have 12GB of RAM

ဒီဇိုင်းအကြောင်းပြောရရင် Galaxy S25 ဟာ အရင်မျိုးဆက်နဲ့ တော်တော်တူညီမှာ ဖြစ်ပြီး ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံကို အပေါ်မှာ ကြည့်နိုင်ပါတယ်။

Ref : gsmarena