OpenAI က Windows အတွက် ChatGPT App ကို အခမဲ့ ဖြန့်ချိပေးလိုက်ပါတယ်။ မေလမှာ ကုမ္ပဏီဟာ Mac User တွေအတွက် ဖြန့်ချိပေးခဲ့ပြီး အခုတော့ Windows မှာ အသုံးပြုလို့ရလာပါပြီ။ Windows User တွေဟာ ChatGPT ကို သူတို့ရဲ့ ကွန်ပြူတာမှာ လွယ်ကူစွာ အသုံးပြုနိုင်ပါပြီ။ အဲဒီ App ကို Microsoft Store ကနေ Download လုပ်နိုင်ပြီး Windows 10 နဲ့ 11 မှာ အသုံးပြုနိုင်ပါတယ်။ App ကို ဖွင့်ဖို့အတွက် Alt+Space Shortcut ကို အသုံးပြုနိုင်ပါတယ်။
Windows App အသစ်ရဲ့ အဓိက စွမ်းရည်က Voice Input ကို အသုံးပြုနိုင်တာပါ။ User တွေဟာ ChatGPT ကို လွယ်ကူစွာ စကားပြောနိုင်ပါတယ်။ အဲဒီအတွက် AI နဲ့ စကားပြောရတာ သဘာဝကျပြီး တကယ့် လူတစ်ယောက်နဲ့ စကားပြောရသလို ခံစားရပါတယ်။ အလုပ်လုပ်နေရင်းနဲ့ ChatGPT နဲ့ စကားပြောနိုင်ပြီး Multi-tasking ပြုလုပ်သူတွေအတွက် အသုံးဝင်ပါတယ်။
ChatGPT Windows App မှာ Voice Control အပြင် Web Search Tool လည်း ပါလာပြီး App ထဲကနေ အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် App မှာ File Upload Tool ထည့်သွင်းထားပြီး ChatGPT ထံ ဖိုင်တွေ ပေးပို့ကာ အကူအညီတောင်းနိုင်ပါတယ်။ Chat History မှာ ရှာဖွေနိုင်တဲ့ စွမ်းရည်လည်း ပါလာပြီး အရင်က Conversation တွေကို ပြန်လည် ကြည့်နိုင်သလို AI နဲ့ စကားဆက်လက်ပြောနိုင်ပါတယ်။
Ref : gizchina