OpenAI က အရင်က ChatGPT Plus User တွေပဲ သုံးခွင့်ရှိတဲ့ ChatGPT Search ကို အခုတော့ လူတိုင်းအတွက် အခမဲ့ သုံးခွင့်ပေးလိုက်ပါတယ်။ Mobile App နဲ့ Web မှာ အသုံးပြုနိုင်ပြီး Voice Mode ပါတဲ့အတွက် အသံနဲ့ ရှာဖွေနိုင်ပါတယ်။

မိုဘိုင်းဖုန်းမှာ ChatGPT Search ဟာ သာမန် Search Engine နဲ့ တော်တော်တူပါတယ်။ စားသောက်ဆိုင်လို တည်နေရာကို ရှာရင် ChatGPT က ရလဒ်တွေကို ဓါတ်ပုံ၊ Rating ၊ ဖွင့်ချိန်တွေနဲ့ ပြသပေးမှာပါ။ တည်နေရာတစ်ခုကို နှိပ်ရင် သတင်းအချက်အလက်တွေကို ပိုမို ပြသပေးမှာပါ။ တည်နေရာလမ်းညွှန်မှုတွေကိုလည်း ပြသပေးမှာပါ။

Introducing ChatGPT search | OpenAI

ဟိုတယ် ဘွတ်ကင် ဝက်ဘ်ဆိုက်လို တချို့ ဝက်ဘ်ဆိုက်တွေကို ရှာတဲ့အခါ ပိုမြန်အောင် ပြုလုပ်ပေးထားပါတယ်။ Advanced Voice Mode ကို သုံးရင် Web မှ နောက်ဆုံး သတင်းအချက်အလက်တွေကို အလိုအလျှောက် ပြသပေးပြီး အဲဒါကို Paid User တွေပဲ သုံးနိုင်ပါတယ်။

OpenAI ဟာ စာရိုက်ထည့်လိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးတဲ့ Sora နဲ့ တစ်လကို ဒေါ်လာ ၂၀၀ ကျသင့်တဲ့ ChatGPT Pro ကိုလည်း မကြာခင်က ကြေညာထားပါတယ်။

Ref : Theverge