OPPO က မလေးရှားမှာ A5 Pro (4G) ကို ကြေညာလိုက်ပါတယ်။ ဘတ်ဂျတ် စမတ်ဖုန်း ဖြစ်ပြီး IP69 ရေစိုခံစံနှုန်းပါလာကာ မာကျောမှုကို အသားပေးထားပါတယ်။ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ 14 Military-grade Durability Test ကို အောင်မြင်ထားပြီး အမြင့်ကပြုတ်ကျတာကို ခံနိုင်ပါတယ်။
အဲဒီဖုန်းမှာ 6.67” HD+ (1604×720 p) LCD Display သုံးထားပြီး 1,000 Nits Peak Brightness နဲ့ 90Hz Refresh Rate ပါပါတယ်။ Snapdragon 6s Gen 1 Chipset တပ်ထားပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 2.1 Storage ပါပါတယ်။ 45W Fast Charging ပါတဲ့ ကြီးမားတဲ့ 5,800mAh Battery ထည့်ထားပါတယ်။
ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP နဲ့ 2MP Depth ကင်မရာ ၂ လုံး အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ထားပါတယ်။ Android 15 အခြေပြု ColorOS 15 ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာတပ်ဆင်ထားပါတယ်။
OPPO A5 Pro (4G) ဟာ Mocha Brown နဲ့ Olive Green ၂ ရောင်နဲ့ လာပြီး 8/256GB ကို ဒေါ်လာ ၂၀၀ သတ်မှတ်ထားပါတယ်။
Ref : Gizmochina