Reuters/Ipsos စစ်တမ်း မှာ ဖော်ပြချက်အရ အမေရိကန်နိုင်ငံသား ၆၆ ရာခိုင်နှုန်းက အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ကန့်သတ်မယ့် အသက်အရွယ် စိစစ်ရေး ဥပဒေတွေကို ထောက်ခံကြပါတယ်။ အဲဒီ ထောက်ခံမှုမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီဝင်တွေ နှစ်ဖက်စလုံး ပါဝင်ကြပြီး အမေရိကန် ၈၅ ရာခိုင်နှုန်းက ဆိုရှယ်မီဒီယာတွေဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

Could the U.S. Ban Kids from Social Media? - FOCUS

လက်ရှိအချိန်မှာ မက်တာနဲ့ ယူကျု့ဘ် အပါအဝင် နည်းပညာ ကုမ္ပဏီကြီးတွေဟာ လူငယ် အသုံးပြုသူတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ စောင့်ကြည့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်နယ် အစိုးရတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ ကြိုးစားနေကြပြီး မကြာသေးမီကလည်း ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေမှုနဲ့ မက်တာ ကုမ္ပဏီကို ဒေါ်လာ ၅၆၇ သန်း ပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Under-16s social media ban sees rise in alternatives in app store - ABC News

အမေရိကန်နိုင်ငံရဲ့ အဲဒီ လှုပ်ရှားမှုဟာ ကလေးငယ်တွေကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာရဲ့ အားထုတ်မှုတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ သြစတြေးလျ၊ ပြင်သစ်၊ ဗြိတိန်၊ မလေးရှားနဲ့ စပိန်နိုင်ငံတွေမှာလည်း အသက် ၁၆ နှစ်အောက် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ကန့်သတ်တာ ဒါမှမဟုတ် အသက်အရွယ် စိစစ်တာတွေကို ပြုလုပ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Ref : Nation Thailand