Google က Pixel 9a ကို ကြေညာလိုက်ပြီး Pixel 9 Series ထဲမှာ ဈေးအချိုဆုံး ဖြစ်ပါတယ်။ ၄၉၉ ဒေါ်လာကစပြီး ဧပြီလမှာ ရောင်းချမှာပါ။
အဲဒီဖုန်း ဒီဇိုင်းဟာ တခြား Pixel 9 Series နဲ့ တူညီပါတယ်။ အရှေ့ဘက်မှာ Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး ပြားချပ်တဲ့ ထောင့်စွန်းနဲ့ ပြားချပ်တဲ့ အလူမီနီယမ် ဖရိမ် ပါလာပါတယ်။ IP68 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။
Display အတွက် 6.3” pOLED 2424x1080p ကို သုံးထားပြီး 120Hz Refresh Rate , 2700 Nits Peak Brightness , HDR Support ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။
Titan M2 Security Coporcessor ပါတဲ့ Google Tensor G4 Chip တပ်ဆင်ထားပြီး 8GB RAM နဲ့ 128 or 256GB Storage ပါပါတယ်။ 48MP (OIS ) Main , 13MP Ultrawide ကင်မရာကို အနောက်ဘက်နဲ့ 13MP ကင်မရာကို အရှေ့ဘက်မှာ တပ်ထားပါတယ်။
5,100mAh Battery ပါလာပြီး နာရီ ၃၀ ကျော် အသုံးပြုနိုင်တယ်လို့ Google က ပြောပါတယ်။ 23W Fast Charging နဲ့ Qi Wireless Charging ပါပါတယ်။ Android 15 ထည့်သွင်းထားပြီး Google ရဲ့ AI Features အသစ်တွေ ပါပါတယ်။ OS နဲ့ Security Update ကို ၇ နှစ်တောင်ရမှာက တော်တော်မိုက်ပါတယ်။ Obisdian , Porcelain , Iris နဲ့ Peony အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : gsmarena