Honor Power  ကို ကြေညာမယ့်နေ့ကို Honor က အတည်ပြုလိုက်ပါတယ်။ ဒီလ ၁၅ ရက်နေ့ တရုတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

Honor Power ဟာ ဒီဇိုင်းလှပပြီး အကြမ်းခံတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ကြီးမားတဲ့ 7,800mAh Battery ထည့်ထားမှာ ဖြစ်ပြီး ဒီနှစ်ထုတ် ဖုန်းတွေထဲမှာ Battery အကြီးမားဆုံး ဖြစ်လာနိုင်ပါတယ်။ လက်ထဲမှာ သက်သောင့်သက်သာ အချိန်အကြာကြီး ကိုင်နိုင်အောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။

Honor Power launch date

ကြီးမားတဲ့ Screen နဲ့ Dual Punch-hole ပါလာမှာ ဖြစ်ပါတယ်။ Magic Series တွေမှာလို စွမ်းရည်မြင့် Facial Recognition Hardware မပါလာနိုင်ပါဘူး။

Honor ဟာ Power Series ကို ဒီလ အစထဲက Tease လုပ်နေတာ ဖြစ်ပြီး ဖုန်း Battery သက်တမ်းဟာ အကြာကြီးခံနိုင်သလို တခြား ဖုန်းတွေကိုလည်း အားသွင်းပေးနိုင်တယ်လို့ ပြောထားပါတယ်။ အဲဒီဖုန်းမှာ 80W Fast Charging ပါလာနိုင်ပါတယ်။

Honor power with 7800mah battery phone launching in china on april 15: दोन-दोन सेल्फी कॅमेऱ्यासह येतोय जबरदस्त 5G फोन; मिळेल 7800mAh ची महाकाय बॅटरी । Maharashtra Times

Honor Power ဟာ သာမာန် အကြမ်းခံ ဖုန်းတွေထက် ပိုမိုပေါ့ပါးမှာ ဖြစ်ပါတယ်။ Battery သက်တမ်းကို အကြာကြီး သုံးချင်သူတွေအတွက် အဆင်ပြေစေမှာပါ။ Honor Power ကို တရုတ်ပြင်ပ ဘယ်နိုင်ငံတွေမှာ ရောင်းမလဲ ဆိုတာ မသိရသေးပါဘူး။

Ref: Gizmochina