Honor က Power အမည်ရ စမတ်ဖုန်းကို ကြေညာလိုက်ပြီး ကြီးမားတဲ့ 8,000mAh Battery ထည့်ထားပါတယ်။ Battery ကြီးမားပေမယ့် အထူက ၈ မီလီမီတာပဲ ရှိပါတယ်။ Battery က ဗီဒီယို ကြည့်ရင် ၂၅ နာရီ၊ TikTok ကြည့်ရင် ၂၃ နာရီ၊ ဂိမ်းကစားရင် ၁၄ နာရီခံပါတယ်။ 66W Fast Charging ထည့်သွင်းထားပါတယ်။
Snapdragon 7 Gen 3 Chipset ပါလာပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ 6.78” OLED 1224x2700p Display တပ်ထားပြီး 120Hz Refresh Rate , 4,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။
ကင်မရာတွေက သာမာန်လောက်ပဲ ရှိပြီး 50MP Main (OIS), 5MP Ultrawide ကို အနောက်ဘက်နဲ့ 16MP ကို အရှေ့ဘက်မှာ တပ်ထားပါတယ်။ ရေစိုခံဖုန်း ဖြစ်ပေမယ့် IP Rating ကို မသိရသေးပါဘူး။
Honor Power ကို တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 8/256GB ကို ၂၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 12/256GB ကို ၂,၂၀၀ ယွမ်နဲ့ 12/512GB ကို ၂,၅၀၀ ယွမ် သတ်မှတ်ထားပါတယ်။
Ref gsmarena