Oppo က အကြမ်းခံတဲ့ A5 Pro 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး 8/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။
A5 Pro 5G ဟာ အကြမ်းခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ IP66, IP68 နဲ့ IP69 စံနှုန်းတွေနဲ့အတူ MIL-STD-810H-2022 Military Grade Certification ပါလာပါတယ်။ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပြီး ရေအောက်ထဲမှာ အသုံးပြုလို့ရပါတယ်။
A5 Pro 5G မှာ 6.67” 1604x720p Display ကို သုံးထားပြီး 120Hz IPS LCD ဖြစ်ပါတယ်။ 1000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6300 Chipset မောင်းနှင်ထားပြီး 8GB LPDDR4X RAM နဲ့ 128GB or 256GB UFS 2.2 Storage ပါပါတယ်။
အနောက်ဘက်မှာ 50MP Main နဲ့ 2MP Monochrome Depth ကင်မရာ တပ်ဆင်ထားပြီး 1080p 60fps Video ရိုက်နိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ထားပြီး 720p 30fps Video ရိုက်နိုင်ပါတယ်။ 45W SuperVOOC Fast Charging ပါတဲ့ 5,800mAh Battery ပါလာပါတယ်။
Mocha Brown နဲ့ Feather Blue အရောင်တွေ ထုတ်လုပ်ထားပြီး ခြစ်ရာကို ခံနိုင်တဲ့ Oppo Glow နည်းပညာ ပါပါတယ်။ အိန္ဒိယမှာ Amzon , Flipkart , Oppo Store ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Ref : Gsmarena