Honor က စွမ်းရည်သင့် Pad GT တက်ဘလက်ကို ကြေညာလိုက်ပြီး Specs တွေက Honor Pad V9 နဲ့ တူညီပေမယ့် ဒီဇိုင်း ဆန်းသစ်ထားပါတယ်။

HONOR Pad GT Pro launched: Snapdragon 8s Gen, 12.3-inch OLED, massive  cooling system

တက်ဘလက်မှာ 11.5” IPS LCD 2800x1840p Display တပ်ထားပြီး 144Hz Refresh Rate ပါပါတယ်။ 500 Nits Peak Brightness ထည့်သွင်းထားပါတယ်။ Spatial Audio ပါတဲ့ စပီကာ ၈ လုံး တပ်ဆင်ထားပြီး Magic Pen Stylus နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Honor Pad GT and Band 10 unveiled

တက်ဘလက်မှာ MediaTek Dimensity 8350 Chipset ပါလာပြီး 8/12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ ကီးဘုတ်နဲ့လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ Software က Android 15 အခြေပြု MagicOS 9.0 ဖြစ်ပါတယ်။ 66W Wired Fast Charging ထောက်ပံ့တဲ့ 10,100mAh Battery ပါလာပါတယ်။

Honor  Pad GT အတွက် Blue, Gray နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ 8/128GB ကို ၂၆၀ ဒေါ်လာနဲ့ 12/512GB ကို ၃၈၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena