realme ဟာ GT 7 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး Concept ဖုန်း အသစ် တစ်လုံးထွက်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့လမှာ Honor က ကြီးမားတဲ့ 8,000mAh Battery ပါတဲ့ Honor Power ဖုန်းကို ကြေညာခဲ့ပါတယ်။ realme ရဲ့ Concept ဖုန်းမှာ ပိုကြီးတဲ့ 10,000mAh Battery ထည့်သွင်းထားမှာပါ။

Realme GT 10000mAh concept phone

realme က မျှဝေထားတဲ့ ဓါတ်ပုံမှာ အဲဒီဖုန်းရဲ့ အနောက်ဘက်မှာ 10,000mAh ကို စာလုံးကြီးကြီးနဲ့ ရေးသားထားပြီး “Power That Never Stops” စာသားကို ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။

Realme GT concept phone with 10,000mAh battery, 320W fast charging unveiled

realme 10,000mAh Concept ဖုန်းမှာ Ultra-high Silicon-Content Anode Battery ပါလာမှာ ဖြစ်ပြီး 10% Silicon Ratio က ဖုန်းတွေထဲမှာ အမြင့်မားဆုံး ဖြစ်ပါတယ်။ စွမ်းအင်သိပ်သည်းဆက 887Wh/L ဖြစ်ပြီး ပါးလွှာတဲ့ကိုယ်ထည်မှာ ပမာဏများတဲ့ Battery ကို ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီဖုန်းရဲ့ အထူက ၈.၈ မီလီမီတာနဲ့ အလေးချိန်က ၂၀၀ ဂရမ်ကျော်ကျော်လေးပဲ ရှိပါတယ်။

10,000mAh Battery ဝင်ဆန့်အောင် realme က “Mini Diamond Architecture” လို့ခေါ်တဲ့ Internal Layout အသစ်ကို ဖန်တီးထားပြီး ၂၃.၄ မီလီမီတာပဲရှိတဲ့ ကမ္ဘာ့ အသေးဆုံး Android Mainboard ကို တည်ဆောက်ထားပါတယ်။

realme ဟာ ဒီလနှောင်းပိုင်းမှာ GT 7 Series ကို ကြေညာနိုင်ပြီး realme GT 10,000mAh Concept ဖုန်းကိုပါ မိတ်ဆက်နိုင်ပါတယ်။

Ref : Gizmochina