Google Pixel 8 ရဲ့ အကြမ်းခံမှုက ဩချရလောက်ပါတယ်။ အဲဒီဖုန်းဟာ ရေနွေးပူကန်ထဲကို ၄ ရက်လောက်ကျခဲ့ပေမယ့် လုံးဝ မပျက်ဆီးသွားပါဘူး။

Google Pixel 8 and Pixel 8 Pro Review: Software Wizardry | WIRED

ဇာတ်လမ်းက ဒီလိုပါ။ ပိုလန် မှ လူတစ်ယောက်ဟာ မေလ အားလပ်ရက်မှာ ခရီးထွက်ခဲ့ပြီး Airbnb က ငှားထားတဲ့ အခန်းမှာ နေခဲ့ပါတယ်။ သူ့ရဲ့ Pixel 8 ဖုန်းဟာ ရေချိုးတဲ့ ရေနွေးပူကန်ထဲကို ကျသွားခဲ့တာကို သူ မသိလိုက်ပါဘူး။ သူက ဖုန်းပျောက်သွားတယ်ပဲ ထင်နေခဲ့တာပါ။

Pixel 8: Powered by Google AI, Helpful Every Day - Google Store

သူဟာ အဲဒီအခန်းမှာ ၄ ရက် တည်းခိုခဲ့ပြီး ပြန်လာခဲ့ပါတယ်။ ၅ ရက်မြောက်နေ့မှာ အခန်း ပိုင်ရှင်က သူ့ထံ ဗီဒီယို တစ်ခု ပေးပို့လာပါတယ်။ ဗီဒီယိုမှာ ရေနွေးပူကန်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ သူ့ရဲ့ Pixel 8 ဖုန်းကို တွေ့ခဲ့ရပါတယ်။ အဲဒီဖုန်းဟာ အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် သို့မဟုတ် ၁၁၄ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ ရေနွေးပူကန်ထဲကို ၄ ရက်လောက် ကျနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖုန်း သူ့လက်ထဲ ပြန်ရောက်တဲ့အခါမှာ သူက ဖုန်း ပျက်ဆီးသွားပြီလို့ထင်ခဲ့ပါတယ်။ ဖုန်းကို အချိန်ခဏ အားသွင်းပြီးချိန်မှာ ဖုန်းဟာ မပျက်ဆီးဘဲ အသုံးပြုလို့ရနေတာကို အံ့အားသင့်စွာတွေ့ခဲ့ရပါတယ်။ သူက ဖုန်းရဲ့ အကြမ်းခံမှုကို တော်တော် အထင်ကြီးသွားပြီး နောက်ဆို Google Pixel ဖုန်းပဲ ဝယ်မှာလို့ ပြောခဲ့ပါတယ်။

Ref : Gizmochina