Oppo မှ ပြီးခဲ့သည့်အပတ်က A5x 4G ဗားရှင်းကို မိတ်ဆက်ခဲ့ပြီး အခုတော့ 5G ဗားရှင်းကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Oppo A5x 5G မှာ Dimensity 6300 SoC ကို အသုံးပြုထားပြီး Android 15 အခြေခံ ColorOS 15 စနစ်ဖြင့် လည်ပတ်မှာဖြစ်ပါတယ်။ RAM 4GB နှင့် storage 128GB ပါဝင်မှာဖြစ်ပါတယ်။

Oppo A5x 5G announced with Dimensity 6300, 6,000 mAh battery, and IP65 rating

Oppo A5x 5G မှာ 120Hz refresh rate နှင့် 1,000 nits အထိတောက်ပနိုင်သော LCD မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားနှင့် resolution အတိအကျကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပေမယ့် Splash Touch နှင့် Glove Touch နည်းပညာများပါဝင်သည့်အတွက် လက်များစိုစွတ်နေချိန်  သို့မဟုတ် လက်အိတ်ဝတ်ဆင်ထားချိန်များမှာပင် ဖုန်းကိုအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Oppo A5x 5G announced with Dimensity 6300, 6,000 mAh battery, and IP65 rating

4G ဗားရှင်းကဲ့သို့ပင် Oppo A5x 5G မှာ 32MP ပင်မကင်မရာကို ကျောဘက်မှာ တပ်ဆင်ထားပြီး selfie ကင်မရာမှာ 5MP sensor ဖြစ်ပါတယ်။ စွမ်းအင်ပိုင်းအတွက် 6,000 mAh ဘက်ထရီကို 45W အားအမြန်သွင်းစနစ်ဖြင့် အားဖြည့်ပေးထားပါတယ်။

Oppo A5x 5G သည် IP65 အဆင့် ရေစိုခံစံနှုန်း ၊ MIL-STD-810H စစ်ဘက်ဆိုင်ရာ ကြံ့ခိုင်မှုစံနှုန်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီး ၁၃,၉၉၉ (အမေရိကန်ဒေါ်လာ ၁၆၅/ယူရို ၁၄၅ ခန့်) ဖြင့် မေလ ၂၅ ရက်နေ့မှစတင်၍ Oppo ၏ အိန္ဒိယဝက်ဘ်ဆိုက်၊ Amazon.in၊ Flipkart နှင့် အခြားတရားဝင်အရောင်းဆိုင်များမှာ Midnight Blue နှင့် Laser White အရောင်နှစ်မျိုးဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

Ref : gsmarena