Google ဟာ ကမ္ဘာတစ်ဝန်းက Android ဖုန်းအလုံးရေ နှစ်ဘီလီယံကျော်ရဲ့ လှုပ်ရှားမှုကိုအာရုံခံတဲ့ စနစ် (motion sensors) တွေကို အသုံးချပြီး သမားရိုးကျ ငလျင်တိုင်းကိရိယာတွေနဲ့အပြိုင်ဖြစ်တဲ့ ငလျင်ရှာဖွေရေးစနစ်တစ်ခုကို တည်ဆောက်ထားပါတယ်။
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ Google ရဲ့ algorithm တွေက နိုင်ငံပေါင်း ၉၈ နိုင်ငံက ငလျင်ပေါင်း ၁၁,၀၀၀ ကျော်ကို တိတိကျကျ ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်မီသတိပေးချက်တွေကတစ်ဆင့် ပြည်သူတွေ ဘေးကင်းစေခဲ့ပါတယ်။
အထူးသဖြင့် တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်တွေတုန်းက အစပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် Google ရဲ့ စဉ်ဆက်မပြတ် တိုးတက်မှုတွေကတော့ အလားအလာကောင်းတွေ ပြသနေပါတယ်။
ကျွမ်းကျင်သူတွေက အဲဒီချဉ်းကပ်နည်းရဲ့ အသုံးဝင်မှုနဲ့ အလွယ်တကူအသုံးပြုနိုင်မှုကို ချီးကျူးကြပေမယ့် အချက်အလက် (data) တွေနဲ့ algorithm တွေနဲ့ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့ကိုတော့ တိုက်တွန်းနေကြပါတယ်။
Ref: Fossbytes