တက္ကသိုလ်အသီးသီးက သိပ္ပံပညာရှင်တွေဟာ သုတေသန စာတမ်းတွေမှာ အတုအယောင် ကိုးကားချက်တွေ ပါဝင်လာတာနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။

arXiv၊ bioRxiv၊ SSRN နဲ့ PubMed Central စတဲ့ ဒေတာဘေ့စ်တွေထဲက သုတေသန စာတမ်းပေါင်း ၂.၅ သန်းရဲ့ ကိုးကားချက် သန်း ၁၁၁ ခုကို လေ့လာဆန်းစစ်ခဲ့ရာမှာ ၂၀၂၅ ခုနှစ်အတွင်း သိပ္ပံစာတမ်းတွေမှာ မရှိတဲ့ အတုအယောင် ကိုးကားချက်ပေါင်း ၁၄၆,၉၀၀ ခန့် ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ChatGPT နဲ့ အခြား AI နည်းပညာတွေ ပေါ်ပေါက်လာပြီးနောက်မှာ အဲဒီ အတုအယောင် ကိုးကားချက်တွေ ပိုမို များပြားလာတာ ဖြစ်ပါတယ်။ အဲဒီ လုပ်ကြံထားတဲ့ ကိုးကားချက်တွေဟာ အစစ်အမှန်နဲ့ လွန်စွာ တူညီနေတာကြောင့် သုတေသန စာတမ်း စိစစ်ရေး အဖွဲ့တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး ချက်ချင်း စိစစ်တွေ့ရှိဖို့ ခက်ခဲခဲ့ပါတယ်။

ဒီပြဿနာဟာ AI က တွေ့ရှိချက် အသစ်တွေ ဖန်တီးနေတာ မဟုတ်ဘဲ လူတွေ သေချာ စိစစ်ခြင်း မရှိရင် အစစ်အမှန်လို့ ထင်မှတ်မှားနိုင်တဲ့ စာတမ်းတွေနဲ့ ကိုးကားချက်တွေကို AI က ပြုလုပ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

The misuse of AI in scientific writing is truly concerning for the research community. The authors appear to use AI to write the paper without caring whether fake or incorrect references (wrong

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကြီးဆုံး သိပ္ပံစာတမ်း သိမ်းဆည်းရာနေရာတစ်ခုဖြစ်တဲ့ arXiv က အတုအယောင် ကိုးကားချက်တွေ အပါအဝင် AI က ထုတ်လုပ်ထားတဲ့ ထင်ရှားတဲ့ အမှားတွေ ပါဝင်တဲ့ စာတမ်း တင်သွင်းသူတွေကို ၁ နှစ် ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

AI ဟာ သိပ္ပံပညာအတွက် အသုံးဝင်တဲ့ နည်းပညာတစ်ခု ဖြစ်ပေမယ့် မှားယွင်းတဲ့ အချက်အလက်တွေ စာတမ်းတွေထဲ မပါဝင်လာစေဖို့ လူကိုယ်တိုင် အချက်အလက် စိစစ်တာနဲ့ သေချာ စစ်ဆေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ထောက်ပြထားပါတယ်။

Ref: Technology Innovation