Realme ဟာ ဒီနေ့ အိန္ဒိယမှာ Narzo Power စမတ်ဖုန်းကို အချိန်ကိုက် တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အရင်က ခန့်မှန်းထားကြတဲ့အတိုင်းပဲ ဒီဖုန်းဟာ လွန်ခဲ့တဲ့ တစ်လလောက်က ထွက်ထားတဲ့ Realme P4 Power ကို နာမည်ပြောင်းပြီး ပြန်ထုတ်ထားတာပါ။ လောလောဆယ်တော့ RAM နဲ့ Storage ရွေးချယ်စရာ နည်းနည်းပဲ ပါပါတယ်။

အမိုက်စား အချက်တွေကတော့ 6.8 လက်မအရွယ် 1280×2800 AMOLED မျက်နှာပြင်၊ 144Hz Refresh Rate နဲ့ အမြင့်ဆုံး Brightness 6,500-nit အထိ ပါဝင်တာပဲ ဖြစ်ပါတယ်။ MediaTek Dimensity 7400 Ultra SoC ကို အသုံးပြုထားပြီး RAM 8GB နဲ့ Storage 128GB ဒါမှမဟုတ် 256GB ရွေးချယ်နိုင်ပါတယ်။ ကင်မရာပိုင်းမှာ OIS ပါတဲ့ 50MP ပင်မကင်မရာ၊ 8MP Ultrawide နဲ့ 16MP Selfie ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အထူးခြားဆုံးကတော့ 10,001 mAh ဘက်ထရီအကြီးကြီး ပါဝင်ပြီး 80W ကြိုးတပ် အားသွင်းစနစ်နဲ့ တခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ 27W Reverse Charging စနစ်တွေ ပါဝင်တာပါ။

အရောင်အနေနဲ့ Titan Silver နဲ့ Titan Blue နှစ်ရောင် ထွက်ပါတယ်။ အရွယ်အစားက 162.26 x 76.15 x 9.08 mm ရှိပြီး အလေးချိန် 219g ရှိပါတယ်။ Android 16 အခြေခံ Realme UI 7.0 နဲ့ အလုပ်လုပ်မှာပါ။ မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး စျေးနှုန်းကတော့ 128GB ကို အိန္ဒိယရူပီး ၂၇,၉၉၉ နဲ့ 256GB ကို ၂၉,၉၉၉ သတ်မှတ်ထားပါတယ်။
Ref : gsmarena