YouTube မှာ PiP Mode ကို အခမဲ့ သုံးနိုင်ပါပြီ။

PiP Mode ဆိုတာ ဘာလဲ?

PiP (Picture-in-Picture) ဆိုတာကတော့ ဖုန်းမှာ တခြား Application တွေ သုံးနေရင်းနဲ့တောင် YouTube ဗီဒီယိုကို မျက်နှာပြင်ပေါ်မှာ Window အသေးလေးနဲ့ ဆက်ကြည့်လို့ရတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အလွယ်ပြောရရင် ဗီဒီယိုကြည့်ရင်း တခြားအလုပ်တွေကို တစ်ပြိုင်တည်း လုပ်လို့ရစေမှာပါ။

Google makes the picture-in-picture YouTube feature available to non-premium users

YouTube ရဲ့ PiP Mode ဟာ ရှိနေတာ ကြာပြီ ဖြစ်ပေမဲ့ အရင်ကတော့ အမေရိကန်နိုင်ငံပြင်ပမှာရှိတဲ့ Premium မဟုတ်တဲ့ အသုံးပြုသူတွေ သုံးလို့မရခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ Premium ဝယ်ထားသူ ဒါမှမဟုတ် အမေရိကန်မှာ နေထိုင်သူတွေပဲ သုံးနိုင်တာပါ။

YouTube Picture-in-Picture Rolls Out to Global Users For Free on Both  Android, iOS

ဒီအပတ်ကစပြီး YouTube ဟာ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာတစ်ဝန်းက Premium မဟုတ်တဲ့ အသုံးပြုသူတွေအတွက်ပါ ဖွင့်ပေးလိုက်ပါပြီ။ ဒါပေမဲ့ ကန့်သတ်ချက်လေး တစ်ခုတော့ ရှိပါတယ်။ Android နဲ့ iOS အသုံးပြုသူတွေအနေနဲ့ သီချင်းမဟုတ်တဲ့ ဗီဒီယိုရှည် (Long-form content) တွေကိုပဲ PiP Mode နဲ့ ကြည့်လို့ရမှာ ဖြစ်ပါတယ်။ အမေရိကန်က အသုံးပြုသူတွေအတွက်ကတော့ အရင်အတိုင်းပဲ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲက သူတို့အပေါ် သက်ရောက်မှု မရှိပါဘူး။

ဒီနေရာမှာ YouTube က Premium Lite အဖွဲ့ဝင်တွေနဲ့ Premium မဟုတ်တဲ့ အသုံးပြုသူတွေကို အဆင့်တူ သတ်မှတ်လိုက်ပြီး နှစ်ဖွဲ့လုံးကို သီချင်းဗီဒီယိုတွေကို PiP Mode နဲ့ ကြည့်ခွင့် ကန့်သတ်ထားပါတယ်။

YouTube က ဘယ်လိုအရာတွေကို သီချင်းအမျိုးအစား (Music Content) လို့ သတ်မှတ်ထားသလဲဆိုရင်တော့ တရားဝင် သီချင်းဗီဒီယိုတွေ (Official Music Videos)၊ Art Tracks တွေ၊ ကလေးသီချင်းတွေနဲ့ အသုံးပြုသူတွေ ကိုယ်တိုင် ဖန်တီးထားတဲ့ သီချင်းဗီဒီယိုတွေ အားလုံး ပါဝင်ပါတယ်။

Ref : gsmarena