ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံမှာ ရှိတဲ့ Electronic Store တစ်ခုမှာ iPhone Battery လဲလှယ်ဖို့အတွက် လူတယောက်ဟာ ဆိုင်မှာ Battery ကို ကောင်း မကောင်းစမ်းသပ်ဖို့အတွက် ပါးစပ်နဲ့ ကိုက်ခဲ့ရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်သွားကြောင်းသိရပါတယ်။

အခု Video ဟာ CCTV Record ကနေ ရရှိခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံမှာအသုံးပြုနေတဲ့ Vine လိုမျိုး Video Platform တစ်ခုမှာ တင်ထားပြီး အခုလိုမျိုး ကြည့်ရှုသူ ၄.၇ သန်း ရှိလာတဲ့အထိ လူကြည့်များလာတာပဲဖြစ်ပါတယ်။

အခုလိုမျိုးပေါက်ကွဲမှုဖြစ်ရတာဟာ iPhone Battery လဲလှယ်ဖို့ လာရောက်ရင်းနဲ့ Battery ကောင်းမကောင်းသိနိုင်ဖို့အတွက် သွားနဲ့ကိုက်ပြီး စမ်းကြည့်လိုက်တဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ကံကောင်းတာတစ်ခုကတော့ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အချိန်မှာ ထိခိုက်ဒါဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

အခုလိုမျိုး Li-ion Battery တွေဟာ အပူလွန်ကဲရင် ဒါမှမဟုတ် ပစ္စည်းအရည်အသွေးမကောင်းရင်လည်း ပေါက်ကွဲတတ်ပေမယ့် အခုလိုမျိုး ပါးစပ်နဲ့ကိုက်တဲ့အချိန်မှာ ပေါက်ကွဲတာကတော့ မကြုံဖူးသေးတဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။