[Zawgyi]

၂၀၁၉ ခုႏွစ္ဟာ ဆက္သြယ္ေရးနည္းပညာေလာကအတြက္ ႀကီးမားတဲ့ ေျပာင္းလဲမႈတစ္ခု စတင္မယ့္ႏွစ္လို႔ ေျပာရမွာပါ။ 5G နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္မႈက တဟုန္ထိုး ႀကီးမားလာမယ့္ ႏွစ္လို႔ ေျပာရင္လည္း ရပါတယ္။ နည္းပညာ ကုမၸဏီေတြကလည္း အၿပိဳင္ဆိုင္ဆိုသလို 5G သုံး Device ေတြကို ထုတ္လုပ္ဖို႔ ႀကိဳးစားေနၾကပါၿပီ။

5G နည္းပညာသုံး Device ေတြအေကာင္းေျပာရင္ Intel အေၾကာင္းလည္း ခ်န္ထားလို႔မရပါဘူး။ ဧရာမ နည္းပညာကုမၸဏီႀကီးက အနာဂတ္ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္မယ့္ သူ႔ရဲ႕ မ်ိဳးဆက္သစ္အစီအစဥ္အေၾကာင္းကို ေၾကညာလိုက္ပါတယ္။ သူတို႔ဟာ XMM 8160 5G modem ေတြကို ထုတ္လုပ္ေနၿပီဆိုတဲ့ အေၾကာင္းပါ။ ဒါေပမယ့္ ဒီမ်ိဳးဆက္သစ္ Modem ကိုေတာ့ လာမယ့္ ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ေလာက္မွ ထုတ္လုပ္ႏိုင္မွာျဖစ္ၿပီး ဒီ Chip ကို ပထမဆုံး အသုံးျပဳထားတဲ့ Device ကေတာ့ ၂၀၂၀ ျပည့္ႏွစ္ အေစာပိုင္းေလာက္မွ ထြက္ေပၚလာမယ္လို႔ သိရပါတယ္။

Intel ကေတာ့ သူတို႔ရဲ႕ XMM 8160 5G အေပၚမွာ ရည္မွန္းခ်က္ေတြ အႀကီးႀကီးထားရွိတယ္လို႔ ဆိုပါတယ္။ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ၊ Broadband hubs ေတြမွာ 6 gigabits per second အျမန္ႏႈန္းနဲ႔ သုံးလို႔ရဖို႔လည္း ရည္မွန္းထားတယ္လို႔ သိရပါတယ္။ ဒီ Modem ဟာ Stanlone ေရာ Standalone မဟုတ္တဲ့ Specs ေတြကိုပါ 5G NR (New Radio) standard အတြက္ ေထာက္ပံ့ေပးႏိုင္ပါလိမ့္မယ္။ ဒါတင္မကဘဲ 4G, 3G နဲ႔ 2G ကြန္ရက္ေတြကိုလည္း ဒီ Chipset တစ္ခုတည္းနဲ႔ ေထာက္ပံ့ေပးဦးမယ္လို႔ သိရပါတယ္။ Millimeter wave (mmWave) spectrum ေရာ Lower-band ကိုပါ ေထာက္ပံ့ဦးမွာ ျဖစ္တယ္လို႔ Intel က ေျပာပါေသးတယ္။

Intel အေနနဲ႔ သူ႔ရဲ႕ 5G modem ကို ေရာင္းခ်ဖို႔အတြက္ ကုမၸဏီရွာဖို႔ေတာ့ အေတာ္ေလး ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။ Samsung အပါအဝင္ Nokia / HMD, Sony, Xiaomi, Oppo, Vivo, HTC, LG, Asus, ZTE, Sharp, Fujitsu, နဲ႔ OnePlus စတဲ့ ကုမၸဏီေတြက လက္ရွိအခ်ိန္မွာ Qualcomm နဲ႔ လက္တြဲလုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။ Huawei နဲ႔ Samsung တို႔ကလည္း သူတို႔ကိုယ္တိုင္ 5G modem ေတြ ထုတ္လုပ္ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒီေတာ့ Intel ကို စိတ္ဝင္စားႏိုင္တာဆိုလို႔ Apple ပဲ က်န္ေတာ့တယ္လို႔ ဆိုရမွာပါ။ Apple ကလည္း သူ႔ရဲ႕ iPhone XS နဲ႔ XR ေတြမွာ Intel ရဲ႕ XMM 7560 modem ေတြကို သုံးထားတာပါ။ ဒီေတာ့ Apple အေနနဲ႔ သူ႔ရဲ႕ ၂၀၂၀ iPhone ေတြမွာ 5G modem အတြက္ Intel နဲ႔ပဲ လက္တြဲသြားႏိုင္ေျခ ပိုၿပီးမ်ားတယ္လို႔ သုံးသပ္ရပါတယ္။

Ref: The Verge

 

[Unicode]

၂၀၁၉ ခုနှစ်ဟာ ဆက်သွယ်ရေးနည်းပညာလောကအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု စတင်မယ့်နှစ်လို့ ပြောရမှာပါ။ 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုက တဟုန်ထိုး ကြီးမားလာမယ့် နှစ်လို့ ပြောရင်လည်း ရပါတယ်။ နည်းပညာ ကုမ္ပဏီတွေကလည်း အပြိုင်ဆိုင်ဆိုသလို 5G သုံး Device တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြပါပြီ။

5G နည်းပညာသုံး Device တွေအကောင်းပြောရင် Intel အကြောင်းလည်း ချန်ထားလို့မရပါဘူး။ ဧရာမ နည်းပညာကုမ္ပဏီကြီးက အနာဂတ် 5G ကွန်ရက်နဲ့ ချိတ်ဆက်မယ့် သူ့ရဲ့ မျိုးဆက်သစ်အစီအစဉ်အကြောင်းကို ကြေညာလိုက်ပါတယ်။ သူတို့ဟာ XMM 8160 5G modem တွေကို ထုတ်လုပ်နေပြီဆိုတဲ့ အကြောင်းပါ။ ဒါပေမယ့် ဒီမျိုးဆက်သစ် Modem ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဒီ Chip ကို ပထမဆုံး အသုံးပြုထားတဲ့ Device ကတော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းလောက်မှ ထွက်ပေါ်လာမယ်လို့ သိရပါတယ်။

Intel ကတော့ သူတို့ရဲ့ XMM 8160 5G အပေါ်မှာ ရည်မှန်းချက်တွေ အကြီးကြီးထားရှိတယ်လို့ ဆိုပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ Broadband hubs တွေမှာ 6 gigabits per second အမြန်နှုန်းနဲ့ သုံးလို့ရဖို့လည်း ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒီ Modem ဟာ Stanlone ရော Standalone မဟုတ်တဲ့ Specs တွေကိုပါ 5G NR (New Radio) standard အတွက် ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဒါတင်မကဘဲ 4G, 3G နဲ့ 2G ကွန်ရက်တွေကိုလည်း ဒီ Chipset တစ်ခုတည်းနဲ့ ထောက်ပံ့ပေးဦးမယ်လို့ သိရပါတယ်။ Millimeter wave (mmWave) spectrum ရော Lower-band ကိုပါ ထောက်ပံ့ဦးမှာ ဖြစ်တယ်လို့ Intel က ပြောပါသေးတယ်။

Intel အနေနဲ့ သူ့ရဲ့ 5G modem ကို ရောင်းချဖို့အတွက် ကုမ္ပဏီရှာဖို့တော့ အတော်လေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Samsung အပါအဝင် Nokia / HMD, Sony, Xiaomi, Oppo, Vivo, HTC, LG, Asus, ZTE, Sharp, Fujitsu, နဲ့ OnePlus စတဲ့ ကုမ္ပဏီတွေက လက်ရှိအချိန်မှာ Qualcomm နဲ့ လက်တွဲလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ Huawei နဲ့ Samsung တို့ကလည်း သူတို့ကိုယ်တိုင် 5G modem တွေ ထုတ်လုပ်ဖို့ ကြိုးစားနေကြတာပါ။ ဒီတော့ Intel ကို စိတ်ဝင်စားနိုင်တာဆိုလို့ Apple ပဲ ကျန်တော့တယ်လို့ ဆိုရမှာပါ။ Apple ကလည်း သူ့ရဲ့ iPhone XS နဲ့ XR တွေမှာ Intel ရဲ့ XMM 7560 modem တွေကို သုံးထားတာပါ။ ဒီတော့ Apple အနေနဲ့ သူ့ရဲ့ ၂၀၂၀ iPhone တွေမှာ 5G modem အတွက် Intel နဲ့ပဲ လက်တွဲသွားနိုင်ခြေ ပိုပြီးများတယ်လို့ သုံးသပ်ရပါတယ်။

Ref: The Verge