Google Duplex ဟာ လုပ္ငန္းကိစၥအေတာ္မ်ားမ်ားကို ပိုင္ရွင္ကိုယ္စား ႀကိဳတင္ အမွာစာျပဳလုပ္တဲ့ ဝန္ေဆာင္မႈကို ျပဳလုပ္ေပးႏိုင္ပါတယ္။ အခုလည္း ဒီဝန္ေဆာင္မႈကို Google Pixel ဖုန္းအခ်ိဳ႕မွာ ထည့္သြင္းခဲ့တယ္လို႔ VentureBeat က ေဖာ္ျပလာပါတယ္။
Google Duplex Feature ဟာ Pixel ပိုင္ရွင္တိုင္းလက္ခံရရွိခဲ့တာမဟုတ္ပါဘူး။ လူနည္းစုရဲ႕ ဖုန္းထဲကိုသာ ေရာက္ရွိလာတာ ျဖစ္တာေၾကာင့္ ဒါဟာ စမ္းသပ္ဆဲအဆင့္မွာသာ ရွိေသးတယ္လို႔ ယူဆရပါတယ္။ လက္ရွိအသုံးျပဳႏိုင္တဲ့ Google Duplex Feature ကလည္း စားေသာက္ဆိုင္ေတြကို ႀကိဳတင္ Booking ျပဳလုပ္ေပးႏိုင္႐ုံပဲ ရွိပါေသးတယ္။
ဒီ Google Duplex ဟာ Google Assistant ကေနတစ္ဆင့္ Restaurant ကို ဖုန္းေခၚဆိုၿပီး Reservation ျပဳလုပ္ႏိုင္တဲ့ ဝန္ေဆာင္မႈ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလို ဖုန္းေခၚဆိုၿပီး Reservation လုပ္ႏိုင္တာက အကန႔္အသတ္နဲ႔ပဲ ျဖစ္ပါတယ္။ အျခားေနရာေတြကို ဖုန္းေခၚဆိုလို႔မရေသးဘဲ စားေသာက္ဆိုင္ေတြကိုသာ ေခၚဆိုႏိုင္ေသးတာ ျဖစ္ပါတယ္။ စားေသာက္ဆိုင္ေတြမွာေတာ့ Google Partner ေတြက အဓိက ဦးစားေပးျဖစ္ၿပီး Partner မဟုတ္တဲ့ ဆိုင္ေတြလည္း ေခၚဆိုၿပီး Reservation လုပ္လို႔ရတယ္လို႔ သိရပါတယ္။
Google Duplex ကို ပိုမိုက်ယ္ျပန႔္တဲ့ နယ္ပယ္ေတြမွာ အသုံးျပဳဖို႔အတြက္ မ်ားျပားရႈပ္ေထြးတဲ့ အျပန္အလွန္ေျပာဆိုမႈေတြကို ဖန္တီးထားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ စားေသာက္ဆိုင္ကို ႀကိဳတင္အမွာစာျပဳလုပ္မႈပဲ ရေသးတာ ျဖစ္ပါတယ္။ အခု Feature ကလည္း စမ္းသပ္ေနဆဲ ျဖစ္တာေၾကာင့္ အသုံးျပဳသူေတြရဲ႕ Duplex Call ေတြကို Record ျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
Google Duplex ဟာ Google Pixel 3 ဖုန္းေတြအတြက္ Call Screening Feature ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ အလန္းစား Feature တစ္ခုျဖစ္လာဖြယ္ ရွိပါတယ္။ ဒါေပမယ့္ ဒီ Feature ကို ဘယ္အခ်ိန္မွာ Google Pixel ဖုန္းအားလုံးဆီ ပို႔ေဆာင္ေပးမယ္ဆိုတာကိုေတာ့ Google က ထုတ္ေဖာ္ေျပာဆိုျခင္း မရွိသးပါဘူး။
Ref: The Verge
Google Duplex ဟာ လုပ်ငန်းကိစ္စအတော်များများကို ပိုင်ရှင်ကိုယ်စား ကြိုတင် အမှာစာပြုလုပ်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ အခုလည်း ဒီဝန်ဆောင်မှုကို Google Pixel ဖုန်းအချို့မှာ ထည့်သွင်းခဲ့တယ်လို့ VentureBeat က ဖော်ပြလာပါတယ်။
Google Duplex Feature ဟာ Pixel ပိုင်ရှင်တိုင်းလက်ခံရရှိခဲ့တာမဟုတ်ပါဘူး။ လူနည်းစုရဲ့ ဖုန်းထဲကိုသာ ရောက်ရှိလာတာ ဖြစ်တာကြောင့် ဒါဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိသေးတယ်လို့ ယူဆရပါတယ်။ လက်ရှိအသုံးပြုနိုင်တဲ့ Google Duplex Feature ကလည်း စားသောက်ဆိုင်တွေကို ကြိုတင် Booking ပြုလုပ်ပေးနိုင်ရုံပဲ ရှိပါသေးတယ်။
ဒီ Google Duplex ဟာ Google Assistant ကနေတစ်ဆင့် Restaurant ကို ဖုန်းခေါ်ဆိုပြီး Reservation ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ဖုန်းခေါ်ဆိုပြီး Reservation လုပ်နိုင်တာက အကန့်အသတ်နဲ့ပဲ ဖြစ်ပါတယ်။ အခြားနေရာတွေကို ဖုန်းခေါ်ဆိုလို့မရသေးဘဲ စားသောက်ဆိုင်တွေကိုသာ ခေါ်ဆိုနိုင်သေးတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာတော့ Google Partner တွေက အဓိက ဦးစားပေးဖြစ်ပြီး Partner မဟုတ်တဲ့ ဆိုင်တွေလည်း ခေါ်ဆိုပြီး Reservation လုပ်လို့ရတယ်လို့ သိရပါတယ်။
Google Duplex ကို ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့အတွက် များပြားရှုပ်ထွေးတဲ့ အပြန်အလှန်ပြောဆိုမှုတွေကို ဖန်တီးထားရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ စားသောက်ဆိုင်ကို ကြိုတင်အမှာစာပြုလုပ်မှုပဲ ရသေးတာ ဖြစ်ပါတယ်။ အခု Feature ကလည်း စမ်းသပ်နေဆဲ ဖြစ်တာကြောင့် အသုံးပြုသူတွေရဲ့ Duplex Call တွေကို Record ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Google Duplex ဟာ Google Pixel 3 ဖုန်းတွေအတွက် Call Screening Feature ပြီးတဲ့နောက် ဒုတိယမြောက် အလန်းစား Feature တစ်ခုဖြစ်လာဖွယ် ရှိပါတယ်။ ဒါပေမယ့် ဒီ Feature ကို ဘယ်အချိန်မှာ Google Pixel ဖုန်းအားလုံးဆီ ပို့ဆောင်ပေးမယ်ဆိုတာကိုတော့ Google က ထုတ်ဖော်ပြောဆိုခြင်း မရှိသးပါဘူး။
Ref: The Verge