[Zawgyi]

ဒီေန႔မနက္ အေစာပိုင္းတုန္းက BGR က Google အေနနဲ႔ မနက္ျဖန္ကစၿပီး သူ႔ရဲ႕ Project Fi ကြန္ရက္မွာ အျခား Device ေတြကိုလည္း ခြင့္ျပဳသြားမွာျဖစ္တယ္လို႔ သတင္းတင္ခဲ့ပါတယ္။ အမွန္တကယ္ေတာ့ ဒီသတင္းဟာ မနက္ျဖန္က်မွ တရားဝင္ထုတ္ျပန္ဖို႔ ျပဳလုပ္ထားတာလို႔ သိရပါတယ္။

မေတာ္တဆ မွားယြင္းထြက္ေပၚလာတဲ့ မူရင္းထုတ္ျပန္မႈကို ျပန္လည္ျဖဳတ္ခ်ခဲ့ေပမယ့္လည္း ဒီသတင္းက မီဒီယာေတြေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာ ျပန္ဖ်က္လိုက္တဲ့ သတင္းအရဆိုရင္ Google Fi အေနနဲ႔ Samsung, LG, Motorola, OnePlus နဲ႔ iPhone ေတြကို Beta အေနနဲ႔ သူ႔ရဲ႕ကြန္ရက္မွာ ခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

Google ကေတာ့ Fi အတြက္ ဒီဇိုင္းထုတ္တည္ေဆာက္ထားတာမဟုတ္တဲ့ ဖုန္းေတြအေနနဲ႔ Google Fi အသုံးျပဳမႈအေတြ႕အႀကဳံကို အျပည့္အဝ ရရွိမွာမဟုတ္ဘူးလို႔ ဆိုထားပါတယ္။ Pixel 3, 3XL, 2, 2XL, LG G7, LG V35, Moto G6, and Moto X4 စတဲ့ ဖုန္းေတြကေတာ့ Wi-Fi, T-Mobile, US Cellular, နဲ႔ Sprint towers ေတြနဲ႔အတူ ေခ်ာေခ်ာေမြ႕ေမြ႕ အကူးအေျပာင္းလုပ္ႏိုင္ဖြယ္ရွိပါတယ္။

ဖုန္းေတြအကုန္လုံးကေတာ့ Fi နဲ႔ တစ္ရာ ရာခိုင္ႏႈန္း အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ iPhone သုံးမယ္ဆိုရင္ Wi-Fi/LTE အျမန္ႏႈန္းကို အျမန္ဆုံး တိုးျမႇင့္လို႔ မရႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက Android Pie ဖုန္းေတြနဲ႔ပဲ သဟဇာတ ျဖစ္လို႔ပါပဲ။ လက္ရွိအခ်ိန္ထိေတာ့ Google က တရားဝင္ေၾကညာမႈ မျပဳလုပ္ေသးပါဘူး။ ဒါေၾကာင့္ ပိုၿပီးအေသးစိတ္က်တဲ့ သတင္းအခ်က္အလက္ေတြသိဖို႔ တရားဝင္ေၾကညာမႈကိုပဲ ေစာင့္ၾကရမွာပါ။

 

Ref: GSMarena

 

[Unicode]

ဒီနေ့မနက် အစောပိုင်းတုန်းက BGR က Google အနေနဲ့ မနက်ဖြန်ကစပြီး သူ့ရဲ့ Project Fi ကွန်ရက်မှာ အခြား Device တွေကိုလည်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ သတင်းတင်ခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီသတင်းဟာ မနက်ဖြန်ကျမှ တရားဝင်ထုတ်ပြန်ဖို့ ပြုလုပ်ထားတာလို့ သိရပါတယ်။

မတော်တဆ မှားယွင်းထွက်ပေါ်လာတဲ့ မူရင်းထုတ်ပြန်မှုကို ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း ဒီသတင်းက မီဒီယာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ ပြန်ဖျက်လိုက်တဲ့ သတင်းအရဆိုရင် Google Fi အနေနဲ့ Samsung, LG, Motorola, OnePlus နဲ့ iPhone တွေကို Beta အနေနဲ့ သူ့ရဲ့ကွန်ရက်မှာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Google ကတော့ Fi အတွက် ဒီဇိုင်းထုတ်တည်ဆောက်ထားတာမဟုတ်တဲ့ ဖုန်းတွေအနေနဲ့ Google Fi အသုံးပြုမှုအတွေ့အကြုံကို အပြည့်အဝ ရရှိမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ Pixel 3, 3XL, 2, 2XL, LG G7, LG V35, Moto G6, and Moto X4 စတဲ့ ဖုန်းတွေကတော့ Wi-Fi, T-Mobile, US Cellular, နဲ့ Sprint towers တွေနဲ့အတူ ချောချောမွေ့မွေ့ အကူးအပြောင်းလုပ်နိုင်ဖွယ်ရှိပါတယ်။

ဖုန်းတွေအကုန်လုံးကတော့ Fi နဲ့ တစ်ရာ ရာခိုင်နှုန်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် iPhone သုံးမယ်ဆိုရင် Wi-Fi/LTE အမြန်နှုန်းကို အမြန်ဆုံး တိုးမြှင့်လို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက Android Pie ဖုန်းတွေနဲ့ပဲ သဟဇာတ ဖြစ်လို့ပါပဲ။ လက်ရှိအချိန်ထိတော့ Google က တရားဝင်ကြေညာမှု မပြုလုပ်သေးပါဘူး။ ဒါကြောင့် ပိုပြီးအသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေသိဖို့ တရားဝင်ကြေညာမှုကိုပဲ စောင့်ကြရမှာပါ။

 

Ref: GSMarena