[Zawgyi]

Apple Watch Series 4 ဟာ ECG Function ကို အသုံးျပဳလို႔ရေတာ့မယ္လို႔ သိရပါတယ္။ Apple Watch ပိုင္ရွင္ေတြအတြက္ ဝမ္းသာစရာ သတင္းတစ္ခုဆိုတာ သံသယျဖစ္စရာ မလိုပါဘူး။ အခုအခ်ိန္မွာ မရေသးဘူးဆိုေပမယ့္ သိပ္မၾကာခင္ေပးေတာ့မယ့္ Update မွာ ရေတာ့မွာ ျဖစ္ပါတယ္။

လုပ္ငန္းခြင္မွာရွိေနတဲ့ အတြင္းလူေတြကေပးတဲ့ သတင္းအရဆိုရင္ WatchOS 5.1.2 ဟာ ECG Function ကို ေသခ်ာေပါက္ ယူေဆာင္ေပးမွာ ျဖစ္ပါတယ္။ ဒီ Software Version ကို လက္ရွိအခ်ိန္မွာ Beta Testing အေနနဲ႔ ျပဳလုပ္ေနၿပီး အမ်ားအသုံးျပဳဖို႔အတြက္ ထုတ္ေပးထားျခင္း မရွိေသးတာ ျဖစ္ပါတယ္။

Beta Testing ၿပီးလို႔ အမ်ားအသုံးျပဳဖို႔ ထုတ္ေပးၿပီဆိုရင္ေတာ့ ဒီ ECG Function လည္း ေသခ်ာေပါက္ ပါဝင္လာမွာျဖစ္ၿပီး ကိုယ့္ရဲ႕ ႏွလုံးခုန္မႈႀကိမ္ႏႈန္းကို ကိုယ္တိုင္ ျပန္လည္သိရွိႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါဟာ ႏွလုံးက်န္းမာေရးဆိုင္ရာအတြက္ အေထာက္အကူျဖစ္ၿပီး အကယ္၍ ပုံမွန္မဟုတ္တဲ့ ႏွလုံးခုန္ႏႈန္းျဖစ္ေပၚေနရင္ အခ်ိန္မီ ကုသမႈေတြ ျပဳလုပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Apple ကေတာ့ ဒီႏွစ္ကုန္ပိုင္းမွာ အဲဒီ Feature ကို ရရွိဖို႔ ကတိျပဳထားေပမယ့္ ဘယ္အခ်ိန္မွာ အမ်ားသုံးႏိုင္ဖို႔ ထုတ္ေပးမလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ျဖစ္ေနပါတယ္။ ဒါ့အျပင္ ဒီ Feature ကို အေမရိကန္ ျပင္ပႏိုင္ငံေတြမွာ အသုံးျပဳႏိုင္ဖို႔ အခ်ိန္ၾကာႏိုင္ေျခရွိပါတယ္။

Ref: GSMarena

[Unicode]

Apple Watch Series 4 ဟာ ECG function ကို အသုံးပြုလို့ရတော့မယ်လို့ သိရပါတယ်။ Apple Watch ပိုင်ရှင်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အခုအချိန်မှာ မရသေးဘူးဆိုပေမယ့် သိပ်မကြာခင်ပေးတော့မယ့် Update မှာ ရတော့မှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာရှိနေတဲ့ အတွင်းလူတွေကပေးတဲ့ သတင်းအရဆိုရင် WatchOS 5.1.2 ဟာ ECG function ကို သေချာပေါက် ယူဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Software version ကို လက်ရှိအချိန်မှာ Beta testing အနေနဲ့ ပြုလုပ်နေပြီး အများအသုံးပြုဖို့အတွက် ထုတ်ပေးထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Beta testing ပြီးလို့ အများအသုံးပြုဖို့ ထုတ်ပေးပြီဆိုရင်တော့ ဒီ ECG function လည်း သေချာပေါက် ပါဝင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ နှလုံးခုန်မှုကြိမ်နှုန်းကို ကိုယ်တိုင် ပြန်လည်သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ နှလုံးကျန်းမာရေးဆိုင်ရာအတွက် အထောက်အကူဖြစ်ပြီး အကယ်၍ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းဖြစ်ပေါ်နေရင် အချိန်မီ ကုသမှုတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Apple ကတော့ ဒီနှစ်ကုန်ပိုင်းမှာ အဲဒီ Feature ကို ရရှိဖို့ ကတိပြုထားပေမယ့် ဘယ်အချိန်မှာ အများသုံးနိုင်ဖို့ ထုတ်ပေးမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီ Feature ကို အမေရိကန် ပြင်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ အချိန်ကြာနိုင်ခြေရှိပါတယ်။

 

Ref: GSMarena