[Zawgyi]

3C ဆိုတာကေတာ့ China’s Compulsory Certificate ပဲ ျဖစ္ပါတယ္။ အဲဒီမွာ Xiaomi ရဲ႕ ဖုန္းအသစ္သုံးလုံးကို Certified လုပ္ထားတာကို ေတြ႕ရပါတယ္။ ျဖစ္ႏိုင္ေျခရွိတာကေတာ့ Redmi 7 Series ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi ရဲ႕ Redmi 7 Series ဟာ မၾကာခင္အခ်ိန္အတြင္း ထြက္ေပၚလာေတာ့မယ္လို႔ ခန႔္မွန္းရပါတယ္။

3C မွာ Certified လုပ္ထားတဲ့ ဖုန္းေတြရဲ႕ ေမာ္ဒယ္ေတြက M1901F7C, M1901F7E, နဲ႔ M1901F7T စတာေတြပဲ ျဖစ္ပါတယ္။ ဒီေမာ္ဒယ္ေတြကို 5V/2A charging နဲ႔ Approved လုပ္ထားတာကို ေတြ႕ရပါတယ္။ 10W charge standard ဟာ အေျခခံ ဖုန္းေတြအတြက္ပါ။ ဒါ့အျပင္ Redmi 7 Series ဟာ Low-end ေတြ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ယူဆရပါတယ္။

Xiaomi က ဒီဖုန္းေတြအတြက္ ေမာ္ဒယ္နံပါတ္ေတြကို M19 နဲ႔ အစျပဳၿပီးေပးထားတာေတြ႕ရပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ေမာ္ဒယ္အတြက္ဆိုတာ ေသခ်ာသေလာက္ ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၁၈ ေမာ္ဒယ္ဖုန္းေတြ အကုန္လုံးနီးပါးကို M18 နဲ႔ Nicknames ေတြ ေပးထားခဲ့တာ ေၾကာင့္မို႔ပါပဲ။

3C မွာေတြ႕ရတဲ့ အခ်က္အလက္ေတြက ဒီဖုန္းေတြအေၾကာင္းကို က်ယ္က်ယ္ျပန႔္ျပန႔္ေျပာဖို႔ အခ်က္အလက္ေတြ မလုံေလာက္ပါဘူး။ အေျခခံေလာက္ပဲ သိႏိုင္တာျဖစ္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္း TENAA မွာတင္ထားတာေတြကို ေတြ႕ရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီေတာ့မွာ Specs ေတြနဲ႔အတူ ပိုၿပီးမ်ားျပားတဲ့ အခ်က္အလက္ေတြကို ေဖာ္ျပေပးသြားပါမယ္။

Ref: GSMarena

 

[Unicode]

3C ဆိုတာကတော့ China’s Compulsory Certificate ပဲ ဖြစ်ပါတယ်။ အဲဒီမှာ Xiaomi ရဲ့ ဖုန်းအသစ်သုံးလုံးကို Certified လုပ်ထားတာကို တွေ့ရပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ Redmi 7 Series ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi ရဲ့ Redmi 7 Series ဟာ မကြာခင်အချိန်အတွင်း ထွက်ပေါ်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

3C မှာ Certified လုပ်ထားတဲ့ ဖုန်းတွေရဲ့ မော်ဒယ်တွေက M1901F7C, M1901F7E, နဲ့ M1901F7T စတာတွေပဲ ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေကို 5V/2A charging နဲ့ Approved လုပ်ထားတာကို တွေ့ရပါတယ်။ 10W charge standard ဟာ အခြေခံ ဖုန်းတွေအတွက်ပါ။ ဒါ့အပြင် Redmi 7 Series ဟာ Low-end တွေ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရပါတယ်။

Xiaomi က ဒီဖုန်းတွေအတွက် မော်ဒယ်နံပါတ်တွေကို M19 နဲ့ အစပြုပြီးပေးထားတာတွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၉ မော်ဒယ်အတွက်ဆိုတာ သေချာသလောက် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၈ မော်ဒယ်ဖုန်းတွေ အကုန်လုံးနီးပါးကို M18 နဲ့ Nicknames တွေ ပေးထားခဲ့တာ ကြောင့်မို့ပါပဲ။

3C မှာတွေ့ရတဲ့ အချက်အလက်တွေက ဒီဖုန်းတွေအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြောဖို့ အချက်အလက်တွေ မလုံလောက်ပါဘူး။ အခြေခံလောက်ပဲ သိနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်အတွင်း TENAA မှာတင်ထားတာတွေကို တွေ့ရတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီတော့မှာ Specs တွေနဲ့အတူ ပိုပြီးများပြားတဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားပါမယ်။

Ref: GSMarena