[Zawgyi]

ယေန႔ေခတ္ရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံးေလာကတစ္ခုကို ျပပါဆိုရင္ စမတ္ဖုန္းထုတ္လုပ္မႈ ေလာကကို ျပရမွာပါ။ Brand တစ္ခုနဲ႔ တစ္ခု ၿပိဳင္ဆိုင္မႈ ျပင္းထန္သလို၊ နည္းပညာသစ္ေတြ၊ ဒီဇိုင္းသစ္ေတြဟာလည္း အခ်ိန္နဲ႔ တစ္ေျပးညီ ေျပာင္းလဲလြန္းလွပါတယ္။ ဒီထဲမွာ အထင္ရွားဆုံး ယွဥ္ၿပိဳင္မႈကေတာ့ FullView Display ရေအာင္ “အေရွ႕ကင္မရာ (Selfie Camera) ကို ဘယ္နားထားၾကမလဲေဟ့” ဆိုတဲ့ ကိစၥပါ။ ဒီလိုနဲ႔ အရင္ဦးဆုံး Notch ဆိုၿပီး ထြင္လိုက္ၾကပါတယ္၊ ကင္မရာကို Notch ေနရာေလးမွာထားၾကတယ္။ ေနာက္ပိုင္း Notch ေတြက တျဖည္းျဖည္း ေသးလာတယ္၊ ကင္မရာအလုံးေနရာေလးပဲ ပါေတာ့တယ္။ အဲ့ဒီကေနမွတစ္ဆင့္ မ်က္ႏွာျပင္ရဲ႕ေထာင့္ေတြမွာ Hole Camera အျဖစ္သုံးလာၾကတယ္။ ဘယ္လိုပဲျဖစ္ပါေစ ကင္မရာကေတာ့ မ်က္ႏွာျပင္ရဲ႕ ျမင္ကြင္းမွာ တစ္နည္းမဟုတ္တစ္နည္း လာရႈပ္ေနဆဲပါပဲ။

ဒီျပႆနာကို Vivo ဟာ ၿပီးခဲ့တဲ့ႏွစ္ MWC ပြဲမွာကတည္းက Apex ဆိုတဲ့ Concept ဖုန္းနဲ႔အတူ ေျဖရွင္းေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ ကမာၻ႔ပထမဆုံး Elevating Front Camera ကို ျပသခဲ့တာပါ။ Selfie ႐ိုက္ဖို႔အတြက္ ကင္မရာကို ဖုန္းရဲ႕ ကိုယ္ထည္ထဲမွာ ထည့္သြင္းထားတာျဖစ္ၿပီး ဒီအိုင္ဒီယာနဲ႔ နည္းပညာကို အားလုံးက ရင္သပ္ရႈေမာျဖစ္ခဲ့ ၾကသလို ဖုန္းမ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္ (In-Display Fingerprint) ကိုလည္း Vivo ကပဲ စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Vivo Nex ကို ေဈးကြက္ထံ မိတ္ဆက္ေပးခဲ့ၿပီး အသုံးျပဳသူေတြကို Bazel-less Display ခံစားမႈအျပည့္အဝ ရရွိေစခဲ့ပါတယ္။ ဒါ့အျပင္ မၾကာေသးမီကမွလည္း Vivo Nex Dual Display Edition အျဖစ္ ေရွ႕ေနာက္ မ်က္ႏွာျပင္ႏွစ္ဖက္ပါတဲ့ဖုန္းကို ဦးေဆာင္ထုတ္လုပ္ခဲ့ၿပီးေနာက္ စမတ္ဖုန္းေလာကကို တစ္ေခတ္ဆန္းေစခဲ့ပါေသးတယ္။

Vivo နဲ႔သူ႔ရဲ႕ အနာဂါတ္ေျခလွမ္းမ်ား
Vivo ဟာ ကမာၻေပၚရွိ အျခားေသာ နာမည္ႀကီး စမတ္ဖုန္းကုမၸဏီေတြနဲ႔အၿပိဳင္ လူသားေတြ၊ စမတ္ဖုန္းအသုံးျပဳသူေတြအတြက္ အသုံးဝင္၊ အက်ိဳးရွိမယ့္ နည္းပညာသစ္ေတြ၊ Concept အသစ္ေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိပါတယ္။ APEX 2019 ဟာလည္း Super Unibody Design၊ Full-Display Fingerprint Scanning စတဲ့ ပုံစံသစ္၊ နည္းပညာသစ္ေတြနဲ႔ ထြက္ရွိလာခဲ့ၿပီးျဖစ္သလို Vivo မွ ဆက္လက္ေလွ်ာက္လွမ္းဦးမယ့္ ေနာက္ထပ္ ေျခလွမ္းသစ္ေတြကိုလည္း ဆက္လက္ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

[Unicode]

“Elevating Front Camera နည်းပညာဟာ ကမ္ဘာ့ပထမဦးဆုံးအဖြစ် Vivo မှ စတင်ခဲ့တာပါ”

ယနေ့ခေတ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလောကတစ်ခုကို ပြပါဆိုရင် စမတ်ဖုန်းထုတ်လုပ်မှု လောကကို ပြရမှာပါ။ Brand တစ်ခုနဲ့ တစ်ခု ပြိုင်ဆိုင်မှု ပြင်းထန်သလို၊ နည်းပညာသစ်တွေ၊ ဒီဇိုင်းသစ်တွေဟာလည်း အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲလွန်းလှပါတယ်။ ဒီထဲမှာ အထင်ရှားဆုံး ယှဉ်ပြိုင်မှုကတော့ FullView Display ရအောင် “အရှေ့ကင်မရာ (Selfie Camera) ကို ဘယ်နားထားကြမလဲဟေ့” ဆိုတဲ့ ကိစ္စပါ။ ဒီလိုနဲ့ အရင်ဦးဆုံး Notch ဆိုပြီး ထွင်လိုက်ကြပါတယ်၊ ကင်မရာကို Notch နေရာလေးမှာထားကြတယ်။ နောက်ပိုင်း Notch တွေက တဖြည်းဖြည်း သေးလာတယ်၊ ကင်မရာအလုံးနေရာလေးပဲ ပါတော့တယ်။ အဲ့ဒီကနေမှတစ်ဆင့် မျက်နှာပြင်ရဲ့ထောင့်တွေမှာ Hole Camera အဖြစ်သုံးလာကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကင်မရာကတော့ မျက်နှာပြင်ရဲ့ မြင်ကွင်းမှာ တစ်နည်းမဟုတ်တစ်နည်း လာရှုပ်နေဆဲပါပဲ။

ဒီပြဿနာကို Vivo ဟာ ပြီးခဲ့တဲ့နှစ် MWC ပွဲမှာကတည်းက Apex ဆိုတဲ့ Concept ဖုန်းနဲ့အတူ ဖြေရှင်းပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာ့ပထမဆုံး Elevating Front Camera ကို ပြသခဲ့တာပါ။ Selfie ရိုက်ဖို့အတွက် ကင်မရာကို ဖုန်းရဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ဒီအိုင်ဒီယာနဲ့ နည်းပညာကို အားလုံးက ရင်သပ်ရှုမောဖြစ်ခဲ့ ကြသလို ဖုန်းမျက်နှာပြင်အောက် လက်ဗွေစနစ် (In-Display Fingerprint) ကိုလည်း Vivo ကပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Vivo Nex ကို ဈေးကွက်ထံ မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုသူတွေကို bazel-less display ခံစားမှုအပြည့်အဝ ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီကမှလည်း Vivo Nex Dual Display Edition အဖြစ် ရှေ့နောက် မျက်နှာပြင်နှစ်ဖက်ပါတဲ့ဖုန်းကို ဦးဆောင်ထုတ်လုပ်ခဲ့ပြီးနောက် စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့ပါသေးတယ်။

Vivo နဲ့သူ့ရဲ့ အနာဂါတ်ခြေလှမ်းများ
Vivo ဟာ ကမ္ဘာပေါ်ရှိ အခြားသော နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေနဲ့အပြိုင် လူသားတွေ၊ စမတ်ဖုန်းအသုံးပြုသူတွေအတွက် အသုံးဝင်၊ အကျိုးရှိမယ့် နည်းပညာသစ်တွေ၊ Concept အသစ်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ APEX 2019 ဟာလည်း Super Unibody Design၊ Full-Display Fingerprint Scanning စတဲ့ ပုံစံသစ်၊ နည်းပညာသစ်တွေနဲ့ ထွက်ရှိလာခဲ့ပြီးဖြစ်သလို Vivo မှ ဆက်လက်လျှောက်လှမ်းဦးမယ့် နောက်ထပ် ခြေလှမ်းသစ်တွေကိုလည်း ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။