[Zawgyi]

၂၀၁၉ ႏွစ္အတြက္ ေရပန္းအစားဆုံး နည္းပညာေျပာင္းလဲမႈက 5G နဲ႔ Foldable Technology လို႔ ေျပာရမယ္ဆိုရင္ မမွားပါဘူး။ ကမာၻ႔ ထိပ္တန္းနည္းပညာကုမၸဏီႀကီးေတြဟာ 5G စမတ္ဖုန္းေတြ၊ Foldable စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ တီထြင္ထုတ္လုပ္ေနၾကၿပီး မၾကာခင္က်င္းပမယ့္ MWC 2019 မွာ ခင္းက်င္းျပသေတာ့မွာ ျဖစ္ပါတယ္။

ဆန္းသစ္တီထြင္မႈနဲ႔ပတ္သက္လာရင္ ထိပ္တန္းအဆင့္မွာ ရွိေနတဲ့ Apple ကေတာ့ ဒီတစ္ေခါက္ MWC 2019 မွာ ဆန္းသစ္မႈေတြကို အမ်ားနည္းတူ ထုတ္မျပႏိုင္ေတာ့ဘူးလို႔ ယူဆရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Apple ရဲ႕ 5G စမတ္ဖုန္းဟာ ၂၀၂၀ မွသာ သုံးစြဲသူေတြလက္ထဲကို ေရာက္ရွိမွာျဖစ္သလို Foldable စမတ္ဖုန္းကလည္း အခုမွ ေျခလွမ္းစတင္႐ုံပဲ ရွိေသးတဲ့အေျခအေနလို႔ ေျပာရမွာပါ။

Apple ရဲ႕ Foldable ဖုန္းနဲ႔ပတ္သက္ၿပီး သိရသေလာက္ကေတာ့ လြန္ခဲ့တဲ့ မတ္လေလာက္ကတည္းက Foldable ဖုန္းနဲ႔ ပတ္သက္တဲ့ ဒီဇိုင္းေတြကို ေနာက္ဆံုးအႀကိမ္အျဖစ္ မူပိုင္ခြင့္တင္ထားတယ္ဆိုတာပါပဲ။ ဒါဆိုရင္ တစ္ႏွစ္နီးပါးေလာက္ ၾကာျမင့္တဲ့အခ်ိန္အေတာအတြင္းမွာ Apple ရဲ႕ Foldable စမတ္ဖုန္းအေၾကာင္း နည္းနည္းပါးပါးေတာ့ ေပါက္ၾကားမႈ ျဖစ္သင့္ၿပီလို႔ ဆိုရမွာပါ။ ဒါေပမယ့္ Apple ရဲ႕ Foldable နဲ႔ပတ္သက္ၿပီး ၿငိမ္ခ်က္သား ေကာင္းေနပါတယ္။

အေစာပိုင္းထြက္ခဲ့တဲ့ ေကာလာဟလအနည္းငယ္ကို ျပန္တူးေဖာ္ၾကည့္ရင္ေတာ့ Apple က သူတို႔ရဲ႕ Foldable စမတ္ဖုန္းကို သူမ်ားနဲ႔မတူေအာင္ ျပဳလုပ္ဖို႔ ႀကိဳးစားေနတယ္ဆိုတာေလာက္ပဲ ေတြ႕ရမွာပါ။ အတြင္းသာမက၊ အျပင္ဘက္ကိုလည္း ေကြးေခါက္လို႔ရေအာင္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဒီလို ႏွစ္ဘက္လုံးကို ေကြးေခါက္ႏိုင္ဖို႔အတြက္ OLED panel ေပၚမွာ Polymer အလႊာပါးတစ္ထပ္ကို ထပ္အုပ္မယ္လို႔လည္း သိရပါတယ္။

Apple ဟာ Foldable စမတ္ဖုန္းနဲ႔ ပတ္သက္ၿပီး မူပိုင္ခြင့္ကို အႀကိမ္ႀကိမ္ တင္ခဲ့တာပါ။ Apple ရဲ႕ ဒီဇိုင္းမူပိုင္ခြင့္ေတြကိုၾကည့္လိုက္ရင္ ပတၱာနဲ႔ Foldable ဖုန္းေတြ၊ အပိုင္းသုံးပိုင္းပါတဲ့၊ သုံးေခါက္ခ်ိဳးလို႔ရမယ့္ ပုံစံေတြကိုပါ ေတြ႕ျမင္ရပါတယ္။ အမ်ားနဲ႔မတူတဲ့ ဆန္းသစ္မႈေတြ ျပဳလုပ္ေလ့ရွိတဲ့ Apple ရဲ႕ Foldable ဟာ ဘယ္လိုပုံစံနဲ႔ ထြက္ေပၚလာမလဲဆိုတာေတာ့ စိတ္ဝင္စားစရာ ေကာင္းေနပါၿပီ။

Ref: GSMArena

[Unicode]

Apple Foldable Phone ဟာ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲ

၂၀၁၉ နှစ်အတွက် ရေပန်းအစားဆုံး နည်းပညာပြောင်းလဲမှုက 5G နဲ့ Foldable Technology လို့ ပြောရမယ်ဆိုရင် မမှားပါဘူး။ ကမ္ဘာ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဟာ 5G စမတ်ဖုန်းတွေ၊ Foldable စမတ်ဖုန်းတွေကို အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြပြီး မကြာခင်ကျင်းပမယ့် MWC 2019 မှာ ခင်းကျင်းပြသတော့မှာ ဖြစ်ပါတယ်။

ဆန်းသစ်တီထွင်မှုနဲ့ပတ်သက်လာရင် ထိပ်တန်းအဆင့်မှာ ရှိနေတဲ့ Apple ကတော့ ဒီတစ်ခေါက် MWC 2019 မှာ ဆန်းသစ်မှုတွေကို အများနည်းတူ ထုတ်မပြနိုင်တော့ဘူးလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ 5G စမတ်ဖုန်းဟာ ၂၀၂၀ မှသာ သုံးစွဲသူတွေလက်ထဲကို ရောက်ရှိမှာဖြစ်သလို Foldable စမတ်ဖုန်းကလည်း အခုမှ ခြေလှမ်းစတင်ရုံပဲ ရှိသေးတဲ့အခြေအနေလို့ ပြောရမှာပါ။

Apple ရဲ့ Foldable ဖုန်းနဲ့ပတ်သက်ပြီး သိရသလောက်ကတော့ လွန်ခဲ့တဲ့ မတ်လလောက်ကတည်းက Foldable ဖုန်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်းတွေကို နောက်ဆုံးအကြိမ်အဖြစ် မူပိုင်ခွင့်တင်ထားတယ်ဆိုတာပါပဲ။ ဒါဆိုရင် တစ်နှစ်နီးပါးလောက် ကြာမြင့်တဲ့အချိန်အတောအတွင်းမှာ Apple ရဲ့ Foldable စမတ်ဖုန်းအကြောင်း နည်းနည်းပါးပါးတော့ ပေါက်ကြားမှု ဖြစ်သင့်ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် Apple ရဲ့ Foldable နဲ့ပတ်သက်ပြီး ငြိမ်ချက်သား ကောင်းနေပါတယ်။

အစောပိုင်းထွက်ခဲ့တဲ့ ကောလာဟလအနည်းငယ်ကို ပြန်တူးဖော်ကြည့်ရင်တော့ Apple က သူတို့ရဲ့ Foldable စမတ်ဖုန်းကို သူများနဲ့မတူအောင် ပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာလောက်ပဲ တွေ့ရမှာပါ။ အတွင်းသာမက၊ အပြင်ဘက်ကိုလည်း ကွေးခေါက်လို့ရအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီလို နှစ်ဘက်လုံးကို ကွေးခေါက်နိုင်ဖို့အတွက် OLED panel ပေါ်မှာ Polymer အလွှာပါးတစ်ထပ်ကို ထပ်အုပ်မယ်လို့လည်း သိရပါတယ်။

Apple ဟာ Foldable စမတ်ဖုန်းနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ကို အကြိမ်ကြိမ် တင်ခဲ့တာပါ။ Apple ရဲ့ ဒီဇိုင်းမူပိုင်ခွင့်တွေကိုကြည့်လိုက်ရင် ပတ္တာနဲ့ Foldable ဖုန်းတွေ၊ အပိုင်းသုံးပိုင်းပါတဲ့၊ သုံးခေါက်ချိုးလို့ရမယ့် ပုံစံတွေကိုပါ တွေ့မြင်ရပါတယ်။ အများနဲ့မတူတဲ့ ဆန်းသစ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ Apple ရဲ့ Foldable ဟာ ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

Ref: GSMArena