[Zawgyi]

မၾကာေသးခင္က ျမန္မာႏုိင္ငံေစ်းကြက္ကို ဝင္ေရာက္ရင္း လႈပ္လႈပ္ရွားရွားျဖစ္သြားတဲ့ Realme က မၾကာခင္မွာ စိတ္လႈပ္ရွားစရာေတြ သယ္ေဆာင္လာေတာ့မယ္ ထင္ပါတယ္။ ငယ္ရြယ္တက္ၾကြမႈနဲ႔အတူ လူငယ္ေတြကိုဦးတည္တဲ့ Realme Brand က လာမယ့့္ မတ္လ ၄ရက္ေန႔မွာ သူ႔ရဲ႕စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္လာေတာ့မွာျဖစ္တဲ့အတြက္ အဲဒီဖုန္းေလးေတြနဲ႔ ပတ္သတ္ျပီး သိရသမွ်ေလးေတြကို ဒီေနရာမွာ ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

မတ္လ ၄ရက္ေန႔မွာ မိတ္ဆက္လာမယ့္ Realme 3 ေလးကေတာ့ ဒီဇုိင္းပိုင္းမွာ Realme ရဲ႕ နာမည္ၾကီးျဖစ္တဲ့ Diamond Pattern ေရာင္ျပန္ဒီဇုိင္းနဲ႔ လာမယ္လို႔ သိထားခဲ့ေပမယ့္ Invitation ဖိတ္စာရဲ႕ ဒီဇိုင္းအရေရာ ထြက္လာခဲ့တဲ့ Leaks ပံုေတြအရေရာဆိုရင္ ေက်ာဘက္ Starry Pattern နဲ႔ ထြက္လာဖို႔ ပိုမ်ားပါတယ္။ ၂မ်ိဳးလံုးနဲ႔ထြက္လာမယ္ဆိုရင္လည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။

ေနာက္ထပ္ေၾကညာထားတာကေတာ့ အားလံုးစိတ္အဝင္စားဆံုး အပိုင္းျဖစ္တဲ့ SoC ပိုင္းပါ။ အသစ္ထြက္လာမယ့္ Realme 3 မွာေတာ့ MediaTek ရဲ႕ Mid-Range Chipset ျဖစ္တဲ့ Helio P70 Chipset ကိုသံုးထားမယ္လုိ႔ ေဖာ္ျပလိုက္ပါတယ္။

ေဖာ္ျပထားတဲ့အတိုင္းဆို Helio P70 က Realme 2 Pro မွာ သံုးထားတဲ့ Qualcomm ရဲ႕ Snapdragon 660 ထက္ Power Consumption 40% ပိုသက္သာ၊ Download Speed 30% ပိုျမန္၊ CPU Performance 3% ပိုေကာင္းျပီး Heavy Task ေတြကိုလည္း ေအးေအးေဆးေဆးလုပ္ႏုိင္တယ္လို႔ ေဖာ္ျပထားပါတယ္။ တကယ္ၾကီး သာမသာကေတာ့ ထြက္လာမယ့္အခ်ိန္ကို ေစာင့္ရံုကလြဲျပီး မရိွေသးပါဘူး။

ကင္မရာပိုင္းကေတာ့ ေက်ာဘက္ Dual Camera ေဒါင္လိုက္ျဖစ္ျပီး ေရွ႕ဘက္မွာေတာ့ Waterdrop Notch Display န႔ဲပါပဲ။ Battery 4230mAh ကေတာ့ အျပစ္တင္စရာမရိွတဲ့ပမာဏျဖစ္ျပီး ခုထြက္ေနတဲ့ Rumors ေတြအတိုင္းဆို လတ္တေလာေခတ္စားေနတဲ့ 48MP Camera ျဖစ္မယ္လုိ႔ေျပာေနေပမယ့္ တကယ္သာပါမယ္ဆိုရင္ ေသခ်ာေပါက္ Camera ပိုင္းကုိ Highlight လုပ္ျပီး ေၾကာ္ျငာမွာ ေသခ်ာပါတယ္။ ကင္မရာပိုင္းကေတာ့ ထြက္မယ့္အခ်ိန္ကုိပဲ ေသခ်ာေမွ်ာ္ရမွာပါ။

ခုခ်ိန္ထိ Realme 3 နဲ႔ပတ္သတ္တဲ့ Specs ေတြကိုပဲ ျဖည္းျဖည္းခ်င္းထုတ္ျပခဲ့ေပမယ့္ အရင္ရက္ပိုင္းကပဲ Realme 3 နဲ႔ အတူထြက္လာႏုိင္တဲ့ ဖုန္းေလးကို သဲလြန္စေလး ထုတ္ျပလိုက္ပါတယ္။ Twitter မွာတင္ထားတဲ့ ဗီဒီယို Teaser ေလးအတုိင္းဆို လွ်ပ္စီးေၾကာင္းေတြနဲ႔ နံပါတ္ “3” ေလးရဲ႕အေပၚမွာ “Be Proactive” ဆိုတဲ့စာတန္းေလးမွာ Pro ေလးကို Highlight လုပ္ထားျခင္းက Realme 3 Pro ထြက္ဖို႔ သဲလြန္စပဲလားလို႔ေတာ့ ထင္ပါတယ္။

ခုခ်ိန္ထိ Realme 3 Pro နဲ႔ပတ္သတ္တာေလးကေတာ့ ဒီဗီဒီယိုေလးအျပင္ ဘာမွမသိရေသးေပမယ့္ မတ္လ ၄ရက္ေန႔ဆိုေတာ့ ေစာင့္ရမယ့္ရက္ သိပ္ေတာ့မက်န္ေတာ့ပါဘူး။ ငယ္ရြယ္တက္ၾကြမႈကို ကိုယ္စားျပဳတဲ့ Realme ရဲ႕ စမတ္ဖုန္းအသစ္ေတြကေတာ့ ဘယ္လို စိတ္ဝင္စားစရာ Specs ေတြ ထပ္ပါဦးမလဲလို႔ ေမွ်ာ္လင့္ေနမိပါေသးတယ္။

Source: GsmArena

[Unicode]

မကြာသေးခင်က မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ရင်း လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ Realme က မကြာခင်မှာ စိတ်လှုပ်ရှားစရာတွေ သယ်ဆောင်လာတော့မယ် ထင်ပါတယ်။ ငယ်ရွယ်တက်ကြွမှုနဲ့အတူ လူငယ်တွေကိုဦးတည်တဲ့ Realme Brand က လာမယ့် မတ်လ ၄ရက်နေ့မှာ သူ့ရဲ့စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်လာတော့မှာဖြစ်တဲ့အတွက် အဲဒီဖုန်းလေးတွေနဲ့ ပတ်သတ်ပြီး သိရသမျှလေးတွေကို ဒီနေရာမှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

မတ်လ ၄ရက်နေ့မှာ မိတ်ဆက်လာမယ့် Realme 3 လေးကတော့ ဒီဇိုင်းပိုင်းမှာ Realme ရဲ့ နာမည်ကြီးဖြစ်တဲ့ Diamond Pattern ရောင်ပြန်ဒီဇိုင်းနဲ့ လာမယ်လို့ သိထားခဲ့ပေမယ့် Invitation ဖိတ်စာရဲ့ ဒီဇိုင်းအရရော ထွက်လာခဲ့တဲ့ Leaks ပုံတွေအရရောဆိုရင် ကျောဘက် Starry Pattern နဲ့ ထွက်လာဖို့ ပိုများပါတယ်။ ၂မျိုးလုံးနဲ့ထွက်လာမယ်ဆိုရင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နောက်ထပ်ကြေညာထားတာကတော့ အားလုံးစိတ်အဝင်စားဆုံး အပိုင်းဖြစ်တဲ့ SoC ပိုင်းပါ။ အသစ်ထွက်လာမယ့် Realme 3 မှာတော့ MediaTek ရဲ့ Mid-Range Chipset ဖြစ်တဲ့ Helio P70 Chipset ကိုသုံးထားမယ်လို့ ဖော်ပြလိုက်ပါတယ်။

ဖော်ပြထားတဲ့အတိုင်းဆို Helio P70 က Realme 2 Pro မှာ သုံးထားတဲ့ Qualcomm ရဲ့ Snapdragon 660 ထက် Power Consumption 40% ပိုသက်သာ၊ Download Speed 30% ပိုမြန်၊ CPU Performance 3% ပိုကောင်းပြီး Heavy Task တွေကိုလည်း အေးအေးဆေးဆေးလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်ကြီး သာမသာကတော့ ထွက်လာမယ့်အချိန်ကို စောင့်ရုံကလွဲပြီး မရှိသေးပါဘူး။

ကင်မရာပိုင်းကတော့ ကျောဘက် Dual Camera ဒေါင်လိုက်ဖြစ်ပြီး ရှေ့ဘက်မှာတော့ Waterdrop Notch Display နဲ့ပါပဲ။ Battery 4230mAh ကတော့ အပြစ်တင်စရာမရှိတဲ့ပမာဏဖြစ်ပြီး ခုထွက်နေတဲ့ Rumors တွေအတိုင်းဆို လတ်တလောခေတ်စားနေတဲ့ 48MP Camera ဖြစ်မယ်လို့ပြောနေပေမယ့် တကယ်သာပါမယ်ဆိုရင် သေချာပေါက် Camera ပိုင်းကို Highlight လုပ်ပြီး ကြော်ငြာမှာ သေချာပါတယ်။ ကင်မရာပိုင်းကတော့ ထွက်မယ့်အချိန်ကိုပဲ သေချာမျှော်ရမှာပါ။

ခုချိန်ထိ Realme 3 နဲ့ပတ်သတ်တဲ့ Specs တွေကိုပဲ ဖြည်းဖြည်းချင်းထုတ်ပြခဲ့ပေမယ့် အရင်ရက်ပိုင်းကပဲ Realme 3 နဲ့ အတူထွက်လာနိုင်တဲ့ ဖုန်းလေးကို သဲလွန်စလေး ထုတ်ပြလိုက်ပါတယ်။ Twitter မှာတင်ထားတဲ့ ဗီဒီယို Teaser လေးအတိုင်းဆို လျှပ်စီးကြောင်းတွေနဲ့ နံပါတ် “3” လေးရဲ့အပေါ်မှာ “Be Proactive” ဆိုတဲ့စာတန်းလေးမှာ Pro လေးကို Highlight လုပ်ထားခြင်းက Realme 3 Pro ထွက်ဖို့ သဲလွန်စပဲလားလို့တော့ ထင်ပါတယ်။

ခုချိန်ထိ Realme 3 Pro နဲ့ပတ်သတ်တာလေးကတော့ ဒီဗီဒီယိုလေးအပြင် ဘာမှမသိရသေးပေမယ့် မတ်လ ၄ရက်နေ့ဆိုတော့ စောင့်ရမယ့်ရက် သိပ်တော့မကျန်တော့ပါဘူး။ ငယ်ရွယ်တက်ကြွမှုကို ကိုယ်စားပြုတဲ့ Realme ရဲ့ စမတ်ဖုန်းအသစ်တွေကတော့ ဘယ်လို စိတ်ဝင်စားစရာ Specs တွေ ထပ်ပါဦးမလဲလို့ မျှော်လင့်နေမိပါသေးတယ်။

Source: GsmArena