[Zawgyi]

၂၀၁၉ ရဲ႕ ဒုတိယသုံးလပတ္နားကို ေရာက္ရွိလာခ်ိန္မွာ Google ရဲ႕ စတုတၳေျမာက္မ်ိဳးဆက္ Pixel ဖုန္းေတြအေၾကာင္းက လႈပ္လႈပ္ရွားရွား ျဖစ္လာခဲ့ပါၿပီ။ Google ရဲ႕ Flagship ဖုန္းေတြထြက္ေပၚလာဖို႔ လအေတာ္ၾကာ လိုေသးေပမယ့္လည္း ေကာလာဟလအခ်ိဳ႕ကေတာ့ ၾကားေနရၿပီ ျဖစ္ပါတယ္။

အရင္ဦးဆုံး ေျပာရမွာကေတာ့ မ်က္ႏွာျပင္ ဖြဲ႕စည္းတည္ေဆာက္ပုံအပိုင္းပါပဲ။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ေပၚလာတဲ့ သတင္းအရဆိုရင္ေတာ့ Google ရဲ႕ လာမယ့္ Pixel ေတြဟာ Punch-hole ေတြနဲ႔ ျဖစ္လာမယ္လို႔ဆိုထားတာပါ။ ဒါ့အျပင္ ကင္မရာႏွစ္လုံး အသုံးျပဳမယ္ဆိုတဲ့ ေကာလာဟလကလည္း နီးစပ္တဲ့ အသြင္မွာရွိေနပါတယ္။

Pixel 4 ေတြဟာ ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံး အသုံးျပဳထားသလို မ်က္ႏွာျပင္မွာလည္း Punch-hole နဲ႔အတူ ကင္မရာႏွစ္လုံးကို အသုံးျပဳထားဖို႔ ေမွ်ာ္လင့္ႏိုင္ၿပီလားလို႔ ေမးစရာ ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာ ကင္မရာႏွစ္လုံး ရွိမရွိဆိုတာကေတာ့ Pixel 3 ေတြေၾကာင့္ ရင္ခုန္စရာ မဟုတ္ပါဘူး။ ဒါေပမယ့္ Punch-hole ေတြ ျဖစ္လာမလားဆိုတာကေတာ့ နည္းနည္းရင္ခုန္ဖို႔ ေကာင္းပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ႏွစ္လုံးအသုံးျပဳမယ္ဆိုရင္ေတာင္မွ လက္ရွိအခ်ိန္မွာ Flagship ဖုန္းတစ္လုံးအတြက္ ကင္မရာသုံးလုံး ဆိုတာ အနည္းဆုံးအေရအတြက္လို ျဖစ္ေနတာေၾကာင့္ Pixel 4 ေတြဟာ ၿပိဳင္ဘက္ေတြၾကားမွာ ကင္မရာအေရအတြက္ အနည္းဆုံး ျဖစ္ေနဦးမယ္လို႔ပဲ ဆိုရမွာပါ။

ေနာက္တစ္ခ်က္က ၂၀၁၉ ထုတ္ Flagship တိုင္းမွာ ရွိသင့္တဲ့ 5G ခ်ိတ္ဆက္ျခင္းပါပဲ။ Google လိုကုမၸဏီႀကီးအေနနဲ႔ သူတို႔ရဲ႕ Pixel 4 ေတြမွာ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ Snapdragon 855 ကို အသုံးျပဳမယ္လို႔ သတင္းထြက္ထားတာေၾကာင့္ 5G ခ်ိတ္ဆက္မႈအတြက္လည္း ေမွ်ာ္လင့္ထားႏိုင္တယ္လို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

Google Pixel 4 တွေမှာ ကျောဘက်ကင်မရာ နှစ်လုံး ဖြစ်လာမှာလား

၂၀၁၉ ရဲ့ ဒုတိယသုံးလပတ်နားကို ရောက်ရှိလာချိန်မှာ Google ရဲ့ စတုတ္ထမြောက်မျိုးဆက် Pixel ဖုန်းတွေအကြောင်းက လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါပြီ။ Google ရဲ့ Flagship ဖုန်းတွေထွက်ပေါ်လာဖို့ လအတော်ကြာ လိုသေးပေမယ့်လည်း ကောလာဟလအချို့ကတော့ ကြားနေရပြီ ဖြစ်ပါတယ်။

အရင်ဦးဆုံး ပြောရမှာကတော့ မျက်နှာပြင် ဖွဲ့စည်းတည်ဆောက်ပုံအပိုင်းပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းအရဆိုရင်တော့ Google ရဲ့ လာမယ့် Pixel တွေဟာ Punch-hole တွေနဲ့ ဖြစ်လာမယ်လို့ဆိုထားတာပါ။ ဒါ့အပြင် ကင်မရာနှစ်လုံး အသုံးပြုမယ်ဆိုတဲ့ ကောလာဟလကလည်း နီးစပ်တဲ့ အသွင်မှာရှိနေပါတယ်။

Pixel 4 တွေဟာ ကျောဘက်မှာလည်း ကင်မရာနှစ်လုံး အသုံးပြုထားသလို မျက်နှာပြင်မှာလည်း Punch-hole နဲ့အတူ ကင်မရာနှစ်လုံးကို အသုံးပြုထားဖို့ မျှော်လင့်နိုင်ပြီလားလို့ မေးစရာ ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ ကင်မရာနှစ်လုံး ရှိမရှိဆိုတာကတော့ Pixel 3 တွေကြောင့် ရင်ခုန်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် Punch-hole တွေ ဖြစ်လာမလားဆိုတာကတော့ နည်းနည်းရင်ခုန်ဖို့ ကောင်းပါတယ်။

အနောက်ဘက်မှာ ကင်မရာ နှစ်လုံးအသုံးပြုမယ်ဆိုရင်တောင်မှ လက်ရှိအချိန်မှာ Flagship ဖုန်းတစ်လုံးအတွက် ကင်မရာသုံးလုံး ဆိုတာ အနည်းဆုံးအရေအတွက်လို ဖြစ်နေတာကြောင့် Pixel 4 တွေဟာ ပြိုင်ဘက်တွေကြားမှာ ကင်မရာအရေအတွက် အနည်းဆုံး ဖြစ်နေဦးမယ်လို့ပဲ ဆိုရမှာပါ။

နောက်တစ်ချက်က ၂၀၁၉ ထုတ် Flagship တိုင်းမှာ ရှိသင့်တဲ့ 5G ချိတ်ဆက်ခြင်းပါပဲ။ Google လိုကုမ္ပဏီကြီးအနေနဲ့ သူတို့ရဲ့ Pixel 4 တွေမှာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 855 ကို အသုံးပြုမယ်လို့ သတင်းထွက်ထားတာကြောင့် 5G ချိတ်ဆက်မှုအတွက်လည်း မျှော်လင့်ထားနိုင်တယ်လို့ ဆိုရမှာပါ။

Ref: GSMArena