[Zawgyi]

စမတ္ဖုန္း ကုမၸဏီႀကီးေတြဟာ ဖုန္းရဲ႕မ်က္ႏွာျပင္မွာ Notch ေတြ Punch-hole ေတြ မပါဘဲ Selfie ကင္မရာထားဖို႔အတြက္ Slider ေတြ Pop-up ေတြကို တီထြင္ခဲ့ၾကပါတယ္။ Vivo NEX, OPPO Find X စတဲ့ စမတ္ဖုန္းေတြက Selfie ကင္မရာကို မ်က္ႏွာျပင္ကေန လြတ္ကင္းေအာင္ ထားရွိခဲ့ၾကတဲ့ ခပ္လန္းလန္း ဖုန္းေတြလို႔ ဆိုရမွာပါ။

OPPO ဟာ သူ႔ဖုန္းေတြမွာ Slider လည္း သုံးခဲ့ေပမယ့္ Pop-up ပုံစံမ်ိဳးကိုပဲ ပိုၿပီးေတာ့ ႏွစ္သက္တယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အခုနာမည္ႀကီးေနတဲ့ Reno မွာလည္း Pop-up ကင္မရာကိုပဲ သုံးထားတာပါ။ ကင္မရာထြက္ေပၚလာတဲ့ ဒီဇိုင္းကေတာ့ ပုံမွန္ျမင္ေနက် Pop-up ဒီဇိုင္းမ်ိဳးမဟုတ္ပါဘူး။

ေပါက္ၾကားလာတဲ့ ဗြီဒီယိုဖိုင္ထဲမွာေတာ့ OPPO Reno ရဲ႕ Elevation ကင္မရာတင္မဘဲ ေက်ာဘက္ ဒီဇိုင္းကိုပါ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ စမတ္ဖုန္းဟာ 10x zoom ပါဝင္တဲ့ အမ်ိဳးအစားမဟုတ္ဘူးလို႔ေတာ့ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Periscope lens ေနာက္မွာ 10x zoom ရွိေနတဲ့ပုံစံကို မေတြ႕ရလို႔ပါပဲ။ ဒါေၾကာင့္ ဒီဖုန္းဟာ Snapdragon 710 SoC သုံးထားတဲ့ ေဈးသိပ္မျမင့္တဲ့ OPPO Reno အမ်ိဳးအစားျဖစ္မယ္လို႔ ယူဆရပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြတုန္းက ေပါက္ၾကားထားတဲ့ Case ပုံစံအရဆိုရင္ေတာ့ ဗြီဒီယိုဖိုင္ထဲက OPPO Reno ဟာ USB-C port နဲ႔ျဖစ္ၿပီး 3.5mm audio jack လည္း ပါဝင္မွာ ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးပါဝင္တာကို ေတြ႕ျမင္ၿပီးျဖစ္တာေၾကာင့္ အေသးစိတ္အခ်က္အလက္ေတြ ထြက္ေပၚလာမယ့္အခ်ိန္ကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

OPPO Reno ရဲ့ ဒီဇိုင်းဆန်းတဲ့ Pop-up ကင်မရာကိုပြသထားတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာ

စမတ်ဖုန်း ကုမ္ပဏီကြီးတွေဟာ ဖုန်းရဲ့မျက်နှာပြင်မှာ Notch တွေ Punch-hole တွေ မပါဘဲ Selfie ကင်မရာထားဖို့အတွက် Slider တွေ Pop-up တွေကို တီထွင်ခဲ့ကြပါတယ်။ Vivo NEX, OPPO Find X စတဲ့ စမတ်ဖုန်းတွေက Selfie ကင်မရာကို မျက်နှာပြင်ကနေ လွတ်ကင်းအောင် ထားရှိခဲ့ကြတဲ့ ခပ်လန်းလန်း ဖုန်းတွေလို့ ဆိုရမှာပါ။

OPPO ဟာ သူ့ဖုန်းတွေမှာ Slider လည်း သုံးခဲ့ပေမယ့် Pop-up ပုံစံမျိုးကိုပဲ ပိုပြီးတော့ နှစ်သက်တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခုနာမည်ကြီးနေတဲ့ Reno မှာလည်း Pop-up ကင်မရာကိုပဲ သုံးထားတာပါ။ ကင်မရာထွက်ပေါ်လာတဲ့ ဒီဇိုင်းကတော့ ပုံမှန်မြင်နေကျ Pop-up ဒီဇိုင်းမျိုးမဟုတ်ပါဘူး။

ပေါက်ကြားလာတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ OPPO Reno ရဲ့ Elevation ကင်မရာတင်မဘဲ ကျောဘက် ဒီဇိုင်းကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ စမတ်ဖုန်းဟာ 10x zoom ပါဝင်တဲ့ အမျိုးအစားမဟုတ်ဘူးလို့တော့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Periscope lens နောက်မှာ 10x zoom ရှိနေတဲ့ပုံစံကို မတွေ့ရလို့ပါပဲ။ ဒါကြောင့် ဒီဖုန်းဟာ Snapdragon 710 SoC သုံးထားတဲ့ ဈေးသိပ်မမြင့်တဲ့ OPPO Reno အမျိုးအစားဖြစ်မယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းက ပေါက်ကြားထားတဲ့ Case ပုံစံအရဆိုရင်တော့ ဗွီဒီယိုဖိုင်ထဲက OPPO Reno ဟာ USB-C port နဲ့ဖြစ်ပြီး 3.5mm audio jack လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးပါဝင်တာကို တွေ့မြင်ပြီးဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာမယ့်အချိန်ကို စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena