[Zawgyi]

နည္းပညာေလာကမွာ တီထြင္ဆန္းသစ္မႈဆိုတာ ရပ္တန႔္မသြားပါဘူး။ ကုမၸဏီတစ္ခုရဲ႕ အမွတ္တံဆိပ္တစ္ခုက တီထြင္ဆန္းသစ္မႈနဲ႔ ေဈးကြက္ကို ဦးေဆာင္ႏိုင္လည္း အၿမဲတမ္းေတာ့ မဟုတ္ပါဘူး။ သိပ္မၾကာခင္အခ်ိန္အတြင္း အျခားကုမၸဏီေတြကလည္း ပိုၿပီးေကာင္းမြန္တယ္လို႔ ဆိုႏိုင္မယ့္ တီထြင္ဆန္းသစ္မႈေတြနဲ႔ ေဈးကြက္ယွဥ္ၿပိဳင္မႈကို ေဖာ္ေဆာင္လာၾကတာပဲ ျဖစ္ပါတယ္။

DJI ဟာ သူတို႔ရဲ႕ ပထမဆုံး 4K Action Camera ျဖစ္တဲ့ Osmo Action ကို ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။ $349 တန္ေၾကးရွိတဲ့ ဒီကင္မရာဟာ Dual displays နဲ႔လည္း ျဖစ္ပါတယ္။ Osmo Action ရဲ႕ အေရွ႕ဘက္မွာ 1.4-inch ေရာင္စုံမ်က္ႏွာျပင္ တပ္ဆင္ေပးထားျခင္းနဲ႔ ေက်ာဘက္မွာ 2.25-inch ထိေတြ႕မ်က္ႏွာျပင္ တပ္ဆင္ေပးထားျခင္းက GoPro ကို ယွဥ္ၿပိဳင္ႏိုင္မယ့္အခ်က္လို႔လည္း ဆိုႏိုင္ပါတယ္။

Osmo Action ဟာ 1/2.3-inch 12MP CMOS sensor နဲ႔ ျဖစ္ပါတယ္။ 60fps, 100Mbps bitrate နဲ႔ 4K ဗြီဒီယိုကို ႐ိုက္ကူးႏိုင္ပါတ္ယ။ HDR ကိုလည္း 30fps နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ 240fps slow motion ကိုလည္း 1080p ဒါမွမဟုတ္ 720 resolutions နဲ႔ ႐ိုက္ကူးႏိုင္ပါေသးတယ္။ RockSteady Electronic Image Stabilization ကေတာ့ 4k60 resolution မွာေတာင္ အလုပ္လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Osmo Action ကို ေရစိုခံကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး Standard GoPro mounts မွာလည္း တပ္ဆင္အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ Wi-Fi, Bluetooth စတာေတြနဲ႔ ခ်ိတ္ဆက္ၿပီး Mobile app ကတစ္ဆင့္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ Camera frame kit, Waterproof case, mic adapter, filter, underwater filter စတဲ့ Accessories ေတြလည္း အလြယ္တကူ ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။ DJI website မွာ ေရာင္းခ်ေနၿပီမို႔ သြားေရာက္ ၾကည့္ရႈႏိုင္ပါတယ္။

Ref: GSMArena

[Unicode]

4K Action Camera အပြင် Color Dual Displays နဲ့ Osmo Action ကို DJI ကြေညာ

နည်းပညာလောကမှာ တီထွင်ဆန်းသစ်မှုဆိုတာ ရပ်တန့်မသွားပါဘူး။ ကုမ္ပဏီတစ်ခုရဲ့ အမှတ်တံဆိပ်တစ်ခုက တီထွင်ဆန်းသစ်မှုနဲ့ ဈေးကွက်ကို ဦးဆောင်နိုင်လည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ သိပ်မကြာခင်အချိန်အတွင်း အခြားကုမ္ပဏီတွေကလည်း ပိုပြီးကောင်းမွန်တယ်လို့ ဆိုနိုင်မယ့် တီထွင်ဆန်းသစ်မှုတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို ဖော်ဆောင်လာကြတာပဲ ဖြစ်ပါတယ်။

DJI ဟာ သူတို့ရဲ့ ပထမဆုံး 4K Action Camera ဖြစ်တဲ့ Osmo Action ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ $349 တန်ကြေးရှိတဲ့ ဒီကင်မရာဟာ Dual displays နဲ့လည်း ဖြစ်ပါတယ်။ Osmo Action ရဲ့ အရှေ့ဘက်မှာ 1.4-inch ရောင်စုံမျက်နှာပြင် တပ်ဆင်ပေးထားခြင်းနဲ့ ကျောဘက်မှာ 2.25-inch ထိတွေ့မျက်နှာပြင် တပ်ဆင်ပေးထားခြင်းက GoPro ကို ယှဉ်ပြိုင်နိုင်မယ့်အချက်လို့လည်း ဆိုနိုင်ပါတယ်။

Osmo Action ဟာ 1/2.3-inch 12MP CMOS sensor နဲ့ ဖြစ်ပါတယ်။ 60fps, 100Mbps bitrate နဲ့ 4K ဗွီဒီယိုကို ရိုက်ကူးနိုင်ပါတ်ယ။ HDR ကိုလည်း 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ 240fps slow motion ကိုလည်း 1080p ဒါမှမဟုတ် 720 resolutions နဲ့ ရိုက်ကူးနိုင်ပါသေးတယ်။ RockSteady Electronic Image Stabilization ကတော့ 4k60 resolution မှာတောင် အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

Osmo Action ကို ရေစိုခံကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Standard GoPro mounts မှာလည်း တပ်ဆင်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Wi-Fi, Bluetooth စတာတွေနဲ့ ချိတ်ဆက်ပြီး Mobile app ကတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။ Camera frame kit, Waterproof case, mic adapter, filter, underwater filter စတဲ့ Accessories တွေလည်း အလွယ်တကူ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ DJI website မှာ ရောင်းချနေပြီမို့ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Ref: GSMArena