[Zawgyi]

အေမရိကန္ရဲ႕ Huawei အေပၚ ထိုးႏွက္မႈေတြထဲမွာ Google Service အသုံးျပဳခြင့္ပိတ္ပင္လိုက္ျခင္းအျပင္ Intel, Qualcomm, Broadcom တို႔လို Chip ထုတ္လုပ္သူေတြရဲ႕ ပိတ္ပင္မႈကလည္း အခက္ေတြ႕ေစတဲ့ သက္ေရာက္မႈကို ျဖစ္ေစတယ္လို႔ ဆိုရမွာပါ။


ေနာက္ေတာ့ ၿဗိတိန္အေျခစိုက္ Chip Designer ကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ ARM ကပါ Huawei နဲ႔ လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြကို ရပ္တန႔္လိုက္တာေၾကာင့္ Huawei အေနနဲ႔ Software ပိုင္းအျပင္ Hardware ပိုင္းမွာပါ ခက္ခဲမႈေတြကို ႀကဳံေတြ႕လာရေတာ့မွာ ျဖစ္ပါတယ္။

Huawei အတြက္အသက္ရွဴေပါက္တစ္ခုကေတာ့ TSMC ဟာတ႐ုတ္ကုမၸဏီအတြက္ ဆက္လက္ၿပီး ပူးေပါင္းေပးသြားမယ္ဆိုတဲ့ စကားပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ကပဲ TSMC ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက သူတို႔ဟာ အျခားလုပ္ငန္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့နည္းတူ Huawei နဲ႔လည္း ဆက္လက္ၿပီးပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။


Kirin Chipset ေတြဟာ CPU (Cortex) နဲ႔ GPU (Mali) ႏွစ္ခုလုံးအတြက္ ARM ဒီဇိုင္းေတြကို အသုံးျပဳတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းရင္းျမစ္တစ္ခုက BBC ကို ေျပာဆိုခဲ့ရာမွာေတာ့ Kirin 985 အေနနဲ႔ ပိတ္ပင္ျခင္းကိစၥမွာ သက္ေရာက္မႈမရွိဘူးလို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ HiSilicon အေနနဲ႔ လက္ရွိေမာ္ဒယ္အျပင္ လာမယ့္ Chipset ေတြကို ပုံမွန္အတိုင္း ဆက္ၿပီးထုတ္လုပ္သြားႏိုင္ဖြယ္ ရွိေနပါတယ္။

Ref: GSMArena

[Unicode]

TSMC ကတော့ Huawei အတွက် Chip တွေကို ဆက်လက်ပြုလုပ်မယ်လို့သိရ

အမေရိကန်ရဲ့ Huawei အပေါ် ထိုးနှက်မှုတွေထဲမှာ Google Service အသုံးပြုခွင့်ပိတ်ပင်လိုက်ခြင်းအပြင် Intel, Qualcomm, Broadcom တို့လို Chip ထုတ်လုပ်သူတွေရဲ့ ပိတ်ပင်မှုကလည်း အခက်တွေ့စေတဲ့ သက်ရောက်မှုကို ဖြစ်စေတယ်လို့ ဆိုရမှာပါ။

နောက်တော့ ဗြိတိန်အခြေစိုက် Chip Designer ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ARM ကပါ Huawei နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်လိုက်တာကြောင့် Huawei အနေနဲ့ Software ပိုင်းအပြင် Hardware ပိုင်းမှာပါ ခက်ခဲမှုတွေကို ကြုံတွေ့လာရတော့မှာ ဖြစ်ပါတယ်။

Huawei အတွက်အသက်ရှူပေါက်တစ်ခုကတော့ TSMC ဟာတရုတ်ကုမ္ပဏီအတွက် ဆက်လက်ပြီး ပူးပေါင်းပေးသွားမယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ကပဲ TSMC ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့ဟာ အခြားလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့နည်းတူ Huawei နဲ့လည်း ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Kirin Chipset တွေဟာ CPU (Cortex) နဲ့ GPU (Mali) နှစ်ခုလုံးအတွက် ARM ဒီဇိုင်းတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ်တစ်ခုက BBC ကို ပြောဆိုခဲ့ရာမှာတော့ Kirin 985 အနေနဲ့ ပိတ်ပင်ခြင်းကိစ္စမှာ သက်ရောက်မှုမရှိဘူးလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် HiSilicon အနေနဲ့ လက်ရှိမော်ဒယ်အပြင် လာမယ့် Chipset တွေကို ပုံမှန်အတိုင်း ဆက်ပြီးထုတ်လုပ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Ref: GSMArena