Zawgyi

Google ရဲ႕ ႏွစ္စဥ္ေအာက္တုိဘာလမွာ မိတ္ဆက္ေနၾကျဖစ္တဲ့ Google Pixel 4 စမတ္ဖုန္းေတြက ျပီးခဲ့တဲ့ရက္ပိုင္းကစတင္ျပီး သတင္းေတြေပါက္ၾကားလာခဲ့ပါတယ္။ ဒီလုိမ်ိဳး Render ဓါတ္ပံုေတြ အမ်ားအျပားထြက္ေပၚလာတာကိုလည္း Google ကေန ကိုယ္တိုင္ Official Twitter Account ကေန Pixel 4 ရဲ႕ ဓါတ္ပံုကို တင္ျပီး အတည္ျပဳခဲ့ပါေသးတယ္။

Google ကိုယ္တိုင္ကပါ ဒီလုိမ်ိဳး Leaks ေတြကို အတည္ျပဳခဲ့ေပမယ့္ အခုအခ်ိန္အထိ Pixel 4 ရဲ႕ Leak သတင္းေတြက ရပ္သြားျခင္းမရွိေသးဘဲ အခု 9to5Google ဆီကေန တစ္ဆင့္ ဒီ Pixel 4 စမတ္ဖုန္းကို အျပင္မွာ အသံုးျပဳေနတဲ့ ဓါတ္ပံုကိုပါ ျမင္ေတြ႕လာရျပီျဖစ္ပါတယ္။

အခု ဓါတ္ပံုအရ Google က Official တင္ထားေပးတဲ့ ဓါတ္ပံုအတိုင္းပဲ ေလးေထာင့္ဆန္ဆန္ Camera Layout ကို ေတြ႕ရျပီး Flash ထားထားတဲ့ပံုစံကလည္း တူတူပဲျဖစ္ေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google ရဲ႕ Pixel 4 ဓါတ္ပံုက မွန္ကန္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ Case တစ္ခုတပ္ထားတဲ့အတြက္ Pixel 4 စမတ္ဖုန္းက လံုးဝ Back Cover တစ္ခုလုံး Glass လား ၊ Pixel 3 တုနု္းကလုိမ်ိဳး Dual Tone Design ကို သံုးလာမလားဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။

ဒီ Pixel 4 စမတ္ဖုနး္ေတြဟာ လာမယ့္ ေအာက္တိုဘာလမွာ မိတ္ဆက္သြားမွာျဖစ္ျပီး အခုလုိမ်ိဳး ၄ လေလာက္အလုိထဲက Leak ေတြထြက္ေနတာကေတာ့ အံ့ၾသစရာပါ။ Pixel 4 စမတ္ဖုန္းေတြက Pixel Series ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ Dual Camera ကို အသံုးျပဳလာမယ့္ဖုန္းေတြျဖစ္သလုိ အေရွ႕ဘက္ Display မွာလည္း Notch အစား Dual Selfie Camera နဲ႔ 3D Face Unlock နည္းပညာေတြကို ထည့္သြင္းထားမယ္လုိ႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ Google က တမင္မ်ား Pixel 4 သတင္းေတြကို ထြက္ေနေအာင္လုပ္ေနသလား ေအာက္ေမ့ရပါတယ္။

Ref – GSMArena

Unicode

Google ရဲ့ နှစ်စဉ်အောက်တိုဘာလမှာ မိတ်ဆက်နေကြဖြစ်တဲ့ Google Pixel 4 စမတ်ဖုန်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး သတင်းတွေပေါက်ကြားလာခဲ့ပါတယ်။ ဒီလိုမျိုး Render ဓါတ်ပုံတွေ အများအပြားထွက်ပေါ်လာတာကိုလည်း Google ကနေ ကိုယ်တိုင် Official Twitter Account ကနေ Pixel 4 ရဲ့ ဓါတ်ပုံကို တင်ပြီး အတည်ပြုခဲ့ပါသေးတယ်။

Google ကိုယ်တိုင်ကပါ ဒီလိုမျိုး Leaks တွေကို အတည်ပြုခဲ့ပေမယ့် အခုအချိန်အထိ Pixel 4 ရဲ့ Leak သတင်းတွေက ရပ်သွားခြင်းမရှိသေးဘဲ အခု 9to5Google ဆီကနေ တစ်ဆင့် ဒီ Pixel 4 စမတ်ဖုန်းကို အပြင်မှာ အသုံးပြုနေတဲ့ ဓါတ်ပုံကိုပါ မြင်တွေ့လာရပြီဖြစ်ပါတယ်။

အခု ဓါတ်ပုံအရ Google က Official တင်ထားပေးတဲ့ ဓါတ်ပုံအတိုင်းပဲ လေးထောင့်ဆန်ဆန် Camera Layout ကို တွေ့ရပြီး Flash ထားထားတဲ့ပုံစံကလည်း တူတူပဲဖြစ်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ရဲ့ Pixel 4 ဓါတ်ပုံက မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Case တစ်ခုတပ်ထားတဲ့အတွက် Pixel 4 စမတ်ဖုန်းက လုံးဝ Back Cover တစ်ခုလုံး Glass လား ၊ Pixel 3 တုနု်းကလိုမျိုး Dual Tone Design ကို သုံးလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒီ Pixel 4 စမတ်ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်သွားမှာဖြစ်ပြီး အခုလိုမျိုး ၄ လလောက်အလိုထဲက Leak တွေထွက်နေတာကတော့ အံ့သြစရာပါ။ Pixel 4 စမတ်ဖုန်းတွေက Pixel Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Dual Camera ကို အသုံးပြုလာမယ့်ဖုန်းတွေဖြစ်သလို အရှေ့ဘက် Display မှာလည်း Notch အစား Dual Selfie Camera နဲ့ 3D Face Unlock နည်းပညာတွေကို ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Google က တမင်များ Pixel 4 သတင်းတွေကို ထွက်နေအောင်လုပ်နေသလား အောက်မေ့ရပါတယ်။

Ref – GSMArena