[Zawgyi]

Huawei နဲ႔ ပတ္သက္တဲ့ အခ်က္အလက္တခ်ိဴ႕ဟာ ဂ်ာမနီႏိုင္ငံအေျခစိုက္ မူပိုင္ခြင့္နဲ႔ ကုန္အမွတ္တံဆိပ္ဆိုင္ရာ ႐ုံးကေန တဆင့္ ထြက္ေပၚလာပါတယ္။ ထြက္ေပၚလာတဲ့ အခ်က္အလက္နဲ႔ ဓာတ္ပုံေတြက စမတ္ဖုန္းရဲ႕ User Interface (UI) ကို ေဖာ္ျပထားတာျဖစ္ၿပီး၊ ထူးျခားေနတာက Notification Bar မွာ Selfie Camera အတြက္လို႔ ယူဆရတဲ့ စက္ဝိုင္းကြက္ေလး အၿမဲတမ္း ပါဝင္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ စက္ဝိုင္းကြက္ေလးရဲ႕ Animation ေတြက အသုံးျပဳတဲ့ Application နဲ႔ UI အေပၚ မူတည္ၿပီး အမ်ိဴးမ်ိဴး ေျပာင္းလဲေနပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ စက္ဝိုင္းကြက္ေလးဟာ Punch-hole အတြက္ မျဖစ္ႏိုင္ဘဲ Under Display Selfie Camera အတြက္သာ ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ ဒါ့ေၾကာင့္ Under Display Camera နည္းပညာၿပိဳင္ပြဲမွာ Oppo, Xiaomi နဲ႔ Samsung အပါအဝင္ Huawei ကိုလည္း ထည့္တြက္ရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိ UI ေတြအရ Huawei ရဲ႕ Under Display Camera နည္းပညာဟာ Camera ရဲ႕ တည္ေနရာကို အၿမဲလိုလိုျမင္ေတြ႕ေနရတုန္းပါပဲ။ ဟိုတေလာက Oppo ျပသသြားတဲ့ Under Display Camera နည္းပညာမွာေတာ့ Selfie ဆြဲတဲ့အခ်ိန္မွသာ Camera ရဲ႕ တည္ေနရာကို ျမင္ေတြ႕ရတာပါ။ ဘာပဲျဖစ္ျဖစ္ Under Display Camera နည္းပညာက Punch-hole ေတြနဲ႔ယွဥ္ရင္ အမ်ားႀကီး တိုးတက္ေကာင္းမြန္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာ မူပိုင္ခြင့္အဆင့္ပဲ ရွိေသးတာေၾကာင့္ ေဖာ္ျပပါ ဓာတ္ပုံေတြထဲက ပုံစံေတြအတိုင္း က်ိန္းေသထြက္လာမယ္လို႔ တြက္ခ်က္ထားလို႔ မရေသးပါဘူး။

Ref : Gizmochina

[Unicode]

Display အောက်မြုပ်နှံထားမယ့် Selfie Camera အတွက် မူပိုင်ခွင့်တင်ထားတဲ့ Huawei

Huawei နဲ့ ပတ်သက်တဲ့ အချက်အလက်တချိူ့ဟာ ဂျာမနီနိုင်ငံအခြေစိုက် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ရုံးကနေ တဆင့် ထွက်ပေါ်လာပါတယ်။ ထွက်ပေါ်လာတဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေက စမတ်ဖုန်းရဲ့ User Interface (UI) ကို ဖော်ပြထားတာဖြစ်ပြီး၊ ထူးခြားနေတာက Notification Bar မှာ Selfie Camera အတွက်လို့ ယူဆရတဲ့ စက်ဝိုင်းကွက်လေး အမြဲတမ်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ စက်ဝိုင်းကွက်လေးရဲ့ Animation တွေက အသုံးပြုတဲ့ Application နဲ့ UI အပေါ် မူတည်ပြီး အမျိူးမျိူး ပြောင်းလဲနေပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ စက်ဝိုင်းကွက်လေးဟာ Punch-hole အတွက် မဖြစ်နိုင်ဘဲ Under Display Selfie Camera အတွက်သာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့ကြောင့် Under Display Camera နည်းပညာပြိုင်ပွဲမှာ Oppo, Xiaomi နဲ့ Samsung အပါအဝင် Huawei ကိုလည်း ထည့်တွက်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ UI တွေအရ Huawei ရဲ့ Under Display Camera နည်းပညာဟာ Camera ရဲ့ တည်နေရာကို အမြဲလိုလိုမြင်တွေ့နေရတုန်းပါပဲ။ ဟိုတလောက Oppo ပြသသွားတဲ့ Under Display Camera နည်းပညာမှာတော့ Selfie ဆွဲတဲ့အချိန်မှသာ Camera ရဲ့ တည်နေရာကို မြင်တွေ့ရတာပါ။ ဘာပဲဖြစ်ဖြစ် Under Display Camera နည်းပညာက Punch-hole တွေနဲ့ယှဥ်ရင် အများကြီး တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ မူပိုင်ခွင့်အဆင့်ပဲ ရှိသေးတာကြောင့် ဖော်ပြပါ ဓာတ်ပုံတွေထဲက ပုံစံတွေအတိုင်း ကျိန်းသေထွက်လာမယ်လို့ တွက်ချက်ထားလို့ မရသေးပါဘူး။

Ref : Gizmochina