[Zawgyi]

ခ်ပ္၀တ္တန္္ဆာ ကြန္ျပဴတာ ထုတ္လုပ္တဲ့ ကုမၸဏီ အျဖစ္ Huami Technology ကို ၂၀၁၄ ခုႏွစ္က တည္ေထာင္ခဲ့ပါတယ္။ အဲဒီ ကုမၸဏီဟာ နာမည္ေက်ာ္ Xiaomi Mi Band Series ေတြကို ထုတ္လုပ္ေပးလို႔ လူသိမ်ားပါတယ္။ Huami က သူ႔ကိုယ္ပိုင္ Amazfit Smartwatches နဲ႔ အျခား ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာေတြကို ထုတ္လုပ္ေရာင္းခ်ေနၿပီး ဒီဇိုင္းလွပတာ၊ လုပ္ေဆာင္ခ်က္ေတြ လန္းတာနဲ႔ ေစ်းခ်ိဳတာေတြေၾကာင့္ လူႀကိဳက္မ်ားပါတယ္။

Xiaomi ေငြေၾကး ရင္းႏွီးျမွပ္ႏွံထားတဲ့ တရုတ္ ကုမၸဏီဟာ မၾကာခင္ကပဲ New York Stock Exchange (NYSE) မွာ စာရင္း၀င္သြားခဲ့ၿပီး ေဒၚလာ သန္း ၁၁၀ ရင္းႏွီးျမွပ္ႏွံမႈေတြ ၀င္လာပါတယ္။ ရင္းႏွီးျမွပ္ႏွံမႈေတြ မ်ားလာတဲ့အတြက္ Huami ရဲ႕ တီထြင္ဖန္တီးမႈေတြကလည္း ျမင့္မားလာၿပီး စမတ္နာရီ ေရာင္းအားေတြ တိုးတက္ခဲ့ပါတယ္။

Huami ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Amazfit GTS , Amazfit Sports Watch 3 နဲ႔ Concept Amazfit X ေတြကို တရုတ္မွာ ေၾကညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၃ လအတြင္းမွာ ၃ ႀကိမ္ေျမာက္ အေနနဲ႔ ထုတ္ကုန္ အသစ္ေတြကို မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ မတိုင္ခင္က Amazfit Verge 2 နဲ႔ ေနာက္ပိုင္းမွာ Amazfit GTS ေတြကို ေၾကညာခဲ့ပါတယ္။

ေနာက္ဆံုး ထုတ္ကုန္ မိတ္ဆက္ပြဲမွာ Huami က ဒီႏွစ္ ဒုတိယ ကြာတားျဖစ္တဲ့ ဧၿပီလကေန ဖြန္လအတြင္းမွ ေငြေၾကးစာရင္းအခ်ိဳ႕ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ကမာၻအ၀န္းမွာ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာ အလံုးေရ သန္း ၁၀၀ ေက်ာ္ကို ေရာင္းခ်ၿပီးၿပီလို႔ ေျပာခဲ့ပါတယ္။ အဲဒီအတြက္ Huami ဟာ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာ နယ္ပယ္မွာ ေရာင္းအား အေကာင္းဆံုး Brand ျဖစ္လာပါတယ္။

Ref : gizmochina

[Unicode]

ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ပြီဖြစ်တဲ့ Huami

ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ထုတ်လုပ်တဲ့ ကုမ္ပဏီ အဖြစ် Huami Technology ကို ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာ နာမည်ကျော် Xiaomi Mi Band Series တွေကို ထုတ်လုပ်ပေးလို့ လူသိများပါတယ်။ Huami က သူ့ကိုယ်ပိုင် Amazfit Smartwatches နဲ့ အခြား ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကို ထုတ်လုပ်ရောင်းချနေပြီး ဒီဇိုင်းလှပတာ၊ လုပ်ဆောင်ချက်တွေ လန်းတာနဲ့ ဈေးချိုတာတွေကြောင့် လူကြိုက်များပါတယ်။

Xiaomi ငွေကြေး ရင်းနှီးမြှပ်နှံထားတဲ့ တရုတ် ကုမ္ပဏီဟာ မကြာခင်ကပဲ New York Stock Exchange (NYSE) မှာ စာရင်းဝင်သွားခဲ့ပြီး ဒေါ်လာ သန်း ၁၁၀ ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေ များလာတဲ့အတွက် Huami ရဲ့ တီထွင်ဖန်တီးမှုတွေကလည်း မြင့်မားလာပြီး စမတ်နာရီ ရောင်းအားတွေ တိုးတက်ခဲ့ပါတယ်။

Huami ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Amazfit GTS , Amazfit Sports Watch 3 နဲ့ Concept Amazfit X တွေကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ၃ ကြိမ်မြောက် အနေနဲ့ ထုတ်ကုန် အသစ်တွေကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်က Amazfit Verge 2 နဲ့ နောက်ပိုင်းမှာ Amazfit GTS တွေကို ကြေညာခဲ့ပါတယ်။

နောက်ဆုံး ထုတ်ကုန် မိတ်ဆက်ပွဲမှာ Huami က ဒီနှစ် ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလကနေ ဖွန်လအတွင်းမှ ငွေကြေးစာရင်းအချို့ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာအဝန်းမှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အလုံးရေ သန်း ၁၀၀ ကျော်ကို ရောင်းချပြီးပြီလို့ ပြောခဲ့ပါတယ်။ အဲဒီအတွက် Huami ဟာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နယ်ပယ်မှာ ရောင်းအား အကောင်းဆုံး Brand ဖြစ်လာပါတယ်။

Ref : gizmochina