[Zawgyi]





Ref : gizmochina

[Unicode]

90Hz Display ပါမယ့် OPPO Reno Ace ကို လာမယ့်လမှာ ကြေညာမည်

OPPO Reno 2 Series တွေကို ကြေညာထားတာ သိပ်မကြာသေးပါဘူး။ အဲဒီစမတ်ဖုန်းတွေကို ဒီနေ့မှာပဲ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ အခုတော့ OPPO ရဲ့ ဒုတိယ ဥက္ကဌ Shen Yiren က 90Hz Display ပါတဲ့ OPPO Reno Ace ကို လာမယ့်လမှာ ကြေညာမယ်လို့ ပြောပါတယ်။ မကြာခင်ကလည်း OPPO ဟာ 90Hz Refresh Rate Display နဲ့ Fast Charging ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ Reno Ace Smartphone ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

OPPO က မကြာခင်ကလည်း 5G Modem ပါတဲ့ Qualcomm Snapdragon Processor ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ လက်ရှိမှာတော့ ကုမ္ပဏီဟာ တရုတ်မှာ Reno 2 ကို ၂,၉၉၉ ယွမ်နဲ့ရောင်းချပေးလိုက်ပါတယ်။ မြန်မာငွေ ၆၅၀,၀၀၀ လောက်ရှိပါတယ်။

Reno 2 မှာ ၆.၅၅ လက်မ Full HD+ AMOLED Panoramic Display ပါပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ 93.1 Percent Screen-To-Body Ratio ထည့်သွင်းထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အရှေ့ဘက်ကို Gorilla Glass 6 ၊ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 730G Octa-core Processor မောင်းနှင်ထားပါတယ်။

8GB RAM နဲ့ 256GB Storage တွေ ပါပါတယ်။ HDR10 Gaming Support နဲ့ Game Assistant တွေ ထည့်သွင်းထားတဲ့အတွက် ဂိမ်း ကစားရင် အရမ်းကောင်းမှာပါ။ အရှေ့ဘက်မှာ 16MP Camera နဲ့ အနောက်ဘက်မှာ 48+8+13+2MP Cameras တွေ တပ်ထားပါတယ်။ 20W VOOC 3.0 Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ်။

Ref : gizmochina