[Zawgyi]
ဒီတစ္ေခါက္ Pixel 4 ရဲ႕ ေပါက္ၾကားမႈကေတာ့ Google Pixel ေတြထုတ္ခဲ့သမွ်ထဲမွာ အမ်ားဆုံးေပါက္ၾကားမႈ ျဖစ္မယ္ထင္ပါတယ္။ ျပင္ပရင္းျမစ္ေတြကေန ေပါက္ၾကားတာအျပင္၊ Google ကိုယ္တိုင္က ဖြင့္ထုတ္တာေတြလည္း မ်ားခဲ့ပါတယ္။ ဒါကလည္း ၿပိဳင္ဘက္ျဖစ္တဲ့ Apple ရဲ႕ iPhone 11 ေတြ ေၾကညာခ်ိန္နဲ႔ နီးကပ္ေနတာေၾကာင့္လို႔ ယူဆရပါတယ္။
လြန္ခဲ့တဲ့ရက္ပိုင္းကပဲ Pixel 4 ရဲ႕ Hands-on ဗီဒီယိုေတြ ေပါက္ၾကားထြက္ေပၚလာခဲ့သလို အခုလည္း Pixel 4 ရဲ႕ ကင္မရာ App အေၾကာင္း အခ်က္အလက္အခ်ိဳ႕ ေပါက္ၾကားထြက္ေပၚလာခဲ့ျပန္ၿပီ ျဖစ္ပါတယ္။ ဒီေပါက္ၾကားမႈအရ Google ဟာ ကင္မရာ App ကို ဗားရွင္းအသစ္အျဖစ္ ထုတ္ထားတာကို ေတြ႕ျမင္ႏိုင္ပါတယ္။
XDA ရဲ႕ ေရးသားေဖာ္ျပခ်က္အရ Google ကင္မရာ App 7.0 ဟာ ႀကိဳတင္ထုတ္ထားတဲ့ Pixel 4 ေတြမွာ ထည့္သြင္းေပးထားတာလို႔လည္း သိရပါတယ္။ ကင္မရာ App ရဲ႕ ေျပာင္းလဲမႈအခ်ိဳ႕ရွိတဲ့ထဲက Night Sight ကေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးလို႔ ဆိုႏိုင္ပါတယ္။ “Infinity” focus အသစ္ဟာ Google ကႂကြားထားတဲ့ ၾကယ္စုံေကာင္းကင္ကို ႐ိုက္ကူးဖို႔အတြက္ ျဖစ္ပါလိမ့္မယ္။
Night Sight ဟာ အလင္းေရာင္နည္းတဲ့အခ်ိန္ ဓါတ္ပုံ႐ိုက္ကူးေနတဲ့ အသုံးျပဳသူကို ေကာင္းေကာင္းခ်ိန္ညႇိၿပီးမွ ႐ိုက္ကူးႏိုင္ေအာင္လို႔ ျပဳလုပ္ေပးထားဖြယ္ရွိပါတယ္။ ၾကယ္ေတြကို႐ိုက္ရင္ေတာ့ တီဗီဖန္သားျပင္မွာ ျမင္ရသလို ျမင္ရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဆုံခ်က္ျဖတ္ရာမွာလည္း ၄ေပကေန ၁၂ေပ အၾကား စိတ္ႀကိဳက္ ျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။
Zoom Slider လည္းေျပာင္းလဲသြားခဲ့ၿပီး Zoom နဲ႔ Exposure slider ေတြဟာ အသုံးျပဳရတာ ပိုေခ်ာေမြ႕လာတယ္လို႔ သိရပါတယ္။ ဗီဒီယို႐ိုက္ကူးရာမွာလည္း ျမန္ျမန္ဆန္ဆန္႐ိုက္ကူးႏိုင္ေအာင္ျပဳျပင္ထားတာေၾကာင့္ Shutter ခလုတ္ကို ၾကာရွည္ဖိႏွိပ္ၿပီး ႐ိုက္ကူးတာမ်ိဳး ျပဳလုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ Time Lapse feature အတြက္လည္း အျမန္ႏႈန္းဆိုင္ရာ အႀကံျပဳမႈေတြ ထည့္သြင္းလာပါတယ္။
Pixel 4 XL ရဲ႕ အဓိကကင္မရာဟာ 12.2MP Sony IMX363 sensor နဲ႔ျဖစ္ၿပီး အပါခ်ာ f/1.7 ျဖစ္သလို Telephoto lens ကလည္း 16MP Sony IMX481 sensor နဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ တတိယကင္မရာကေတာ့ Depth Sensor ဒါမွမဟုတ္ Spectral sensor ျဖစ္ဖြယ္ရွိပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 8MP နဲ႔ Wide-angle ကင္မရာေတြ ျဖစ္ဖြယ္ရွိပါတယ္။
Ref: Phone Arena
[Unicode]
Camera App အသစ်အကြောင်း ပေါက်ကြားလာပြန်တဲ့ Google Pixel 4
ဒီတစ်ခေါက် Pixel 4 ရဲ့ ပေါက်ကြားမှုကတော့ Google Pixel တွေထုတ်ခဲ့သမျှထဲမှာ အများဆုံးပေါက်ကြားမှု ဖြစ်မယ်ထင်ပါတယ်။ ပြင်ပရင်းမြစ်တွေကနေ ပေါက်ကြားတာအပြင်၊ Google ကိုယ်တိုင်က ဖွင့်ထုတ်တာတွေလည်း များခဲ့ပါတယ်။ ဒါကလည်း ပြိုင်ဘက်ဖြစ်တဲ့ Apple ရဲ့ iPhone 11 တွေ ကြေညာချိန်နဲ့ နီးကပ်နေတာကြောင့်လို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Pixel 4 ရဲ့ Hands-on ဗီဒီယိုတွေ ပေါက်ကြားထွက်ပေါ်လာခဲ့သလို အခုလည်း Pixel 4 ရဲ့ ကင်မရာ App အကြောင်း အချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ဒီပေါက်ကြားမှုအရ Google ဟာ ကင်မရာ App ကို ဗားရှင်းအသစ်အဖြစ် ထုတ်ထားတာကို တွေ့မြင်နိုင်ပါတယ်။
XDA ရဲ့ ရေးသားဖော်ပြချက်အရ Google ကင်မရာ App 7.0 ဟာ ကြိုတင်ထုတ်ထားတဲ့ Pixel 4 တွေမှာ ထည့်သွင်းပေးထားတာလို့လည်း သိရပါတယ်။ ကင်မရာ App ရဲ့ ပြောင်းလဲမှုအချို့ရှိတဲ့ထဲက Night Sight ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ “Infinity” focus အသစ်ဟာ Google ကကြွားထားတဲ့ ကြယ်စုံကောင်းကင်ကို ရိုက်ကူးဖို့အတွက် ဖြစ်ပါလိမ့်မယ်။
Night Sight ဟာ အလင်းရောင်နည်းတဲ့အချိန် ဓါတ်ပုံရိုက်ကူးနေတဲ့ အသုံးပြုသူကို ကောင်းကောင်းချိန်ညှိပြီးမှ ရိုက်ကူးနိုင်အောင်လို့ ပြုလုပ်ပေးထားဖွယ်ရှိပါတယ်။ ကြယ်တွေကိုရိုက်ရင်တော့ တီဗီဖန်သားပြင်မှာ မြင်ရသလို မြင်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆုံချက်ဖြတ်ရာမှာလည်း ၄ပေကနေ ၁၂ပေ အကြား စိတ်ကြိုက် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
Zoom Slider လည်းပြောင်းလဲသွားခဲ့ပြီး Zoom နဲ့ Exposure slider တွေဟာ အသုံးပြုရတာ ပိုချောမွေ့လာတယ်လို့ သိရပါတယ်။ ဗီဒီယိုရိုက်ကူးရာမှာလည်း မြန်မြန်ဆန်ဆန်ရိုက်ကူးနိုင်အောင်ပြုပြင်ထားတာကြောင့် Shutter ခလုတ်ကို ကြာရှည်ဖိနှိပ်ပြီး ရိုက်ကူးတာမျိုး ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Time Lapse feature အတွက်လည်း အမြန်နှုန်းဆိုင်ရာ အကြံပြုမှုတွေ ထည့်သွင်းလာပါတယ်။
Pixel 4 XL ရဲ့ အဓိကကင်မရာဟာ 12.2MP Sony IMX363 sensor နဲ့ဖြစ်ပြီး အပါချာ f/1.7 ဖြစ်သလို Telephoto lens ကလည်း 16MP Sony IMX481 sensor နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ တတိယကင်မရာကတော့ Depth Sensor ဒါမှမဟုတ် Spectral sensor ဖြစ်ဖွယ်ရှိပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8MP နဲ့ Wide-angle ကင်မရာတွေ ဖြစ်ဖွယ်ရှိပါတယ်။
Ref: Phone Arena