[Zawgyi]

Google Pixel 4 နဲ႔ 4 XL ေတြကို လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ Pixel 4 ေတြနဲ႔ပတ္သက္တဲ့ ေပါက္ၾကားမႈေတြကလည္း အေတာ္ေလးကို မ်ားျပားခဲ့ၿပီး သိစရာလည္း ကုန္သေလာက္ကို ျဖစ္ေနၿပီမို႔ တရားဝင္ ျမင္ေတြ႕ရမယ့္အခ်ိန္ကိုပဲ ေစာင့္ေနၾကရတာပါ။

ၿပီးခဲ့တဲ့ရက္က Google ရဲ႕ စတုတၳမ်ိဳးဆက္ Pixel ေတြနဲ႔ ပတ္သက္တဲ့ သတင္းေပါက္ၾကားမႈတစ္ခု ထပ္ၿပီး ျဖစ္ခဲ့ပါေသးတယ္။ အဲဒါကေတာ့ Pixel 4 ဟာ အေရာင္ သုံးမ်ိဳးနဲ႔ ထြက္လာမယ္ ဆိုတာပါပဲ။ Black, White အျပင္ Orange အေရာင္ပါ ထပ္တိုးလာတာပါ။ သတင္းေတြအရေတာ့ Orange ကို “Oh So Orange” လို႔ နာမည္ေပးထားတယ္လို႔ သိရပါတယ္။

အေရာင္သစ္လို႔ ေျပာရမယ့္ Oh so Orange ကို New York ရဲ႕ Times Square မွာရွိတဲ့ ေဘလ္ဘုတ္ေတြမွာေတာင္ ေတြ႕ျမင္ေနရၿပီ ျဖစ္ပါတယ္။ ေဘလ္ဘုတ္မွာေတာ့ လိေမၼာ္ေရာင္ Pixel 4 နဲ႔အတူ “Hey Google, set a reminder for October 15” ဆိုၿပီး ေၾကညာမယ့္ရက္ကိုပါ တြဲလ်က္ေၾကာ္ျငာခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ သတင္းတစ္ခုကေတာ့ Google ဟာ Pixel 4 အတြက္ Cases ေတြကိုပါ ျဖန႔္ခ်ိသြားမယ္လို႔ ေဖာ္ျပထားပါတယ္။ Cases ေတြရဲ႕ အေရာင္ေတြကေတာ့ Blue, Black, Orange နဲ႔ Chalk ဆိုၿပီး ေလးမ်ိဳးရွိတယ္လို႔ အခိုင္အမာ ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စတုတၳမ်ိဳးဆက္ Pixel ေတြနဲ႔ပတ္သက္လာရင္ Google ရဲ႕ တရားဝင္ ေၾကညာမႈကိုပဲ ေစာင့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Google Pixel 4 ဟာ အရောင်သုံးမျိုးနဲ့ ထွက်လာမယ်ဆိုတာ သေချာသွားပြီ

Google Pixel 4 နဲ့ 4 XL တွေကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ Pixel 4 တွေနဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေကလည်း အတော်လေးကို များပြားခဲ့ပြီး သိစရာလည်း ကုန်သလောက်ကို ဖြစ်နေပြီမို့ တရားဝင် မြင်တွေ့ရမယ့်အချိန်ကိုပဲ စောင့်နေကြရတာပါ။

ပြီးခဲ့တဲ့ရက်က Google ရဲ့ စတုတ္ထမျိုးဆက် Pixel တွေနဲ့ ပတ်သက်တဲ့ သတင်းပေါက်ကြားမှုတစ်ခု ထပ်ပြီး ဖြစ်ခဲ့ပါသေးတယ်။ အဲဒါကတော့ Pixel 4 ဟာ အရောင် သုံးမျိုးနဲ့ ထွက်လာမယ် ဆိုတာပါပဲ။ Black, White အပြင် Orange အရောင်ပါ ထပ်တိုးလာတာပါ။ သတင်းတွေအရတော့ Orange ကို “Oh So Orange” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အရောင်သစ်လို့ ပြောရမယ့် Oh so Orange ကို New York ရဲ့ Times Square မှာရှိတဲ့ ဘေလ်ဘုတ်တွေမှာတောင် တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဘေလ်ဘုတ်မှာတော့ လိမ္မော်ရောင် Pixel 4 နဲ့အတူ “Hey Google, set a reminder for October 15” ဆိုပြီး ကြေညာမယ့်ရက်ကိုပါ တွဲလျက်ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် သတင်းတစ်ခုကတော့ Google ဟာ Pixel 4 အတွက် Cases တွေကိုပါ ဖြန့်ချိသွားမယ်လို့ ဖော်ပြထားပါတယ်။ Cases တွေရဲ့ အရောင်တွေကတော့ Blue, Black, Orange နဲ့ Chalk ဆိုပြီး လေးမျိုးရှိတယ်လို့ အခိုင်အမာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထမျိုးဆက် Pixel တွေနဲ့ပတ်သက်လာရင် Google ရဲ့ တရားဝင် ကြေညာမှုကိုပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena