Zawgyi






Ref – Phone Arena

Unicode

Apple ရဲ့ AirPods တွေဟာ ထွက်ရှိထားတာနှစ်အနည်းငယ်ကြာသွားပြီဆိုပေမယ့် True Wireless Earbuds တွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်နေတုန်းပါပဲ။ Apple အနေနဲ့ Design ပြောင်းလဲမှုမရှိပေမယ့် H1 Chip အသစ်နဲ့ Wireless Charging ကို Support ပြုလုပ်လာတဲ့ AirPods 2nd Generation ကို မကြာသေးခင်တုန်းက ထုတ်ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာ Apple ကနေ Major Design Change နဲ့ Feature ပိုင်းမှာ သိသိသာသာ Improve လုပ်ထားတဲ့ AirPods 3 တွေကို မိတ်ဆက်လာဖို့များနေပါတယ်။ ဒီသတင်းက ယခင်ထဲက ဆက်တိုက်ထွက်ရှိနေခဲ့တာဖြစ်ပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့ iOS 13.2 Beta မှာတော့ AirPods 3 ရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ Design အသစ်ကို စတင်မြင်ရလာခဲ့ပါတယ်။

ဒီ AirPods 3 ရဲ့ Design က iOS 13.2 Beta အရတော့ လက်ရှိ AirPods တွေထက် သိသိသာသာကို တိုသွားမှာဖြစ်ပြီးတော့ ဟိုးအရင်ထဲ Apple EarBuds တွေလိုမျိုး Silicon Tips မပါတဲ့ Design ကနေ Silicon Tips ပါတဲ့ In-ear Design ကို ပြောင်းလဲထားတာကိုလည်း တွေ့ရပါတယ်။ ဒါက Apple အတွက် ပထမဆုံးအနေနဲ့ ဒီလိုမျိုး Silicon Tips ပါတဲ့ EarBuds Design လို့တောင် ပြောလို့ရမှာပါ။

ဒီလိုမျိုး Silicon Tips ပါဝင်လာတာက AirPods 3 အသစ်တွေမှာ အရင်တုန်းက သတင်းတွေထွက်ရှိထားသလိုမျိုး Active Noise Cancellation နဲ့ Water Resistance Feature တွေပါဝင်လာဖို့လည်း ပိုပြီးဖြစ်နိင်ခြေများနေပါတယ်။

SlashLeaks ကလည်း အခု AirPods 3 ဖြစ်နိုင်တဲ့ Design Casing ဓါတ်ပုံတွေကို တင်ခဲ့ပြီးတော့ အဆိုပါ ဓါတ်ပုံတွေမှာတော့ Silicon Eartips ပါမပါကို အတည်မပြုနိုင်ပေမယ့် ပိုပြီး တိုသွားတဲ့ Design နဲ့ ပိုသေးငယ်သွားတဲ့ Charging Case အသစ်ကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရ AirPods 3 ဟာ ယခုလအတွင်းမှာတင် Production စတင်နိုင်တဲ့အတွက်ကြောင့် ဒီလာမယ့် အောက်တိုဘာလအတွင်းမှာ ပြုလုပ်ဦးမယ့် Apple Event မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – Phone Arena